Professional Authors

သူရဲကောင်းတို့ရဲ့ကဗျာ

    (၁)
ပြိုင်မြင်းတွေ ဒုန်းစိုင်းပြေးသွားသလို
ကဗျာတွေရဲ့ ကျူးရင့်သံများ
ငါတို့နှလုံးသားတွေမှာ
တသိမ့်သိမ့်တုန်အောင်
မြည်ဟီးနေကြ။

အဲဒါ
ငါတို့လေးစားရတဲ့
သူရဲကောင်းတွေဆီက
တလက်လက်တောက်ပနေတဲ့
ဓားသွားတွေပဲ။

သွားစမ်း
သစ္စာတရားနဲ့သွေဖယ်နေတဲ့အရာမှန်သမျှ
ပြားပြားဝပ်နေခဲ့ကြ။

ပြိုင်ဘက်ကင်းတဲ့
အဲဒိသူရဲကောင်းတွေက
ဒီည အောင်ပွဲခံလိမ့်မယ်။

(၂)
မှတ်ထား
‘မောင်ချောနွယ်’ဆိုတာ
နာမည်ပျော့ပျောင်းသလောက်
စကြ၀ဠာ တစ်သောင်းက
ကောင်းချီးပေးလောက်တဲ့
သူ့အရည်အသွေးတွေနဲ့
ငါတို့ကို
‘ကဗျာ’ဆိုတဲ့ အင်ပါယာဆိ
ခေါ်ဆောင်သွားနိုင်ခဲ့တဲ့
အနှိုင်းမဲ့ သူရဲကောင်း။

(၃)
ဟော  ဟိုမှာ
သူရဲကောင်း‘အောင်ချိမ့်’
တွေ့လား
မာယာများတဲ့ လောကဓံကြားကနေ
သူ့ရင်ဘတ်မှာ
ကဗျာတွေ ၀ှက်ဝှက်ယူလာပြီး
ဆာလောင်နေတဲ့
ငါတို့ရဲ့ နှလုံးသားငတ်မွတ်မှုတွေအတွက်
အသက်ဓာတ် ဖြည့်ပေးခဲ့သူ။

(၄)
လက်ကလေး တစ်ချက်လှုပ်လိုက်ရင်
ရွှေထက်ရှားတဲ့ ကဗျာတွေ
ထွက်ထွက်ကျလာတတ်လို့
မျက်တောင်မခတ်ပဲ
အသက်ရှုရပ်သွားစေနိုင်လောက်တဲ့
ဟိုးက သူရဲကောင်းကို
‘သုခမိန်လှိုင်’ လို့ ခေါ်တယ်။

(၅)
အခု
သစ္စာတရားနဲ့သွေဖယ်နေတဲ့ အရာမှန်သမျှ
ပြားပြားဝပ်နေခြဲ့က။

ပြိုင်ဘက်ကင်းတဲ့
အဲဒီသူရဲကောင်းတွေက
ဒီည အောင်ပွဲခံလိမ့်မယ်။

In: ကဗျာ Posted By: Date: Oct 17, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment