Professional Authors

အပျော် အပျက်

“ပျားရည်”
အပျော်ဆိုတာ
တပ်လို့ကောင်းတဲ့ ခေါင်းစဉ်ပျက်
အိပ်မက်ဆိုတာ
ဆုပ်ကိုင်မရတဲ့ ဘ၀တစ်ခု
ကြွေပြတိုင်းသာ
လိုက်ကောက်နေရရင်
မင်းစကားလုံးတွေ တောင်ပုံယာပုံ
ငါမယုံတတ်တော့တာပဲ အားနာမိတယ်
ဒါအကုန်လား မင်းအတတ်
မေးပါရစေ
ဖျတ်ဖျတ်လူး
စိတ်ဓာတ်နဲ့ အစာတပ်ပေးတိုင်း
ငါမဟပ်မိတာ အပြစ်မဟုတ်တော့ပါဘူး
“ခု”နေတုန်းတော့”တုံး”ဖြစ်ချင်ဖြစ်ခဲ့မယ်
မင်းအတ္တတွေနဲ့ ငါ့စိတ်ကိုသာ
မီးလာလာမညှိပါနဲ့
အမှတ်တရဆိုတာ
မင်းနှုတ်ခမ်းနဲ့ မိတ်ဆက်ခဲ့တဲ့
ဖန်ခွက်တွေလောက် အရာမ၀င်ပါဘူး
ဇကာတင်လောက်အောင် အဆင့်မမှီမှတော့
ငါ့ခေါင်းပေါ်က “ပန်း” ကို မင်းသတိထားမိပါစ
ကိုးဆယ်ဒီဂရီထက် ပိုမစောင်းတတ်တဲ့ ခေါင်း
နောက်ပြန်လှည့်ဖို့ဆိုတာ အိပ်မက်တောင်မမက်နဲ့
မင်းနဲ့မပျိုးလည်း ငါ့ကဗျာပန်းတွေ မွှေးပျံ့နေဆဲပဲ
ခုမှလာပြီး တရေးနိုး ဂန္တ၀င်ဆန်ချင်မနေနဲ့
ငါကတော့ “တောက်” မခေါက်တော့ဘူး
“တပ်”ခေါက်ပြန်ဖို့သာမင်းကြိုးစား
ငါနေတတ်သလိုနေပါပြီဆိုမှ
မင်း ဖြေတတ်ဖို့ပဲလိုတယ်
…… ကဲ ……
ရောက်ရာအရပ်က လှည့်ပြန်ပေရော့
In: ကဗျာ Posted By: Date: Oct 15, 2010
Comment #1

ဒါလဲ ၇သတစ်မျိုးပါဘဲ……………..

commentinfo By: Flora White at Oct 16, 2010
Comment #2

အဲလိုမျိုးစိတ်တွေမာချင်လိုက်တာ

commentinfo By: NC at Dec 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment