Professional Authors

ငါ

ငါမပိုင်တဲ့အတ္တတစ်ခုအတွက်
ဘယ်သူသေသေ ငတေမာဖို့အရေးကြီးတယ်လို့
လောဘ ၊ ဒေါသ ၊ မောဟတွေနဲ့
ငါမပိုင်တဲ့ဘ၀တစ်ခုကိုတည်ဆောက်ဖို့
ကြိုးစားမိခဲ့တယ်…..
ခက်တော့လဲခက်သားလား
ငါမသိတဲ့လူတွေကိုတော့
အများကိန်းတွေလို့ သတ်မှတ်နိုင်ပေမဲ့
ငါသိတဲ့လူတွေကို
ငါ့မိဘ ၊ ငါ့ချစ်သူ ၊ ငါ့ဆွေမျိုး ၊ ငါ့မိတ်ဆွေ နဲ့
ငါတကော ကောနေလိုက်တာ….
ဒီခန္ဓာကောင်ကြီးက
အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ လို့
(တခါတရံ) ဘယ်လိုပဲ နှလုံးသွင်းမိပေမဲ့
ဒီခန္ဓာကြီးကောင်းစားဖို့
ကိုယ်ကျင့်တရားတွေကို
ချောင်ထိုးထားတတ်နေတုံးပဲ…..
အဲဒီလိုနဲ့ပဲ
လောဘနဲ့သေပြိတ္တာဖြစ်
ဒေါသနဲ့သေ ငရဲရောက်
မောဟနဲ့သေ တိရစ္ဆာန်ဖြစ်ဆိုတဲ့အတိုင်း
တနေ့တနေ့ ငါဘာဖြစ်မလဲ တွေးရင်း
မဆုံးနိုင်တဲ့ သံသရာခရီးကိုလျှောက်ဖို့
လောင်စာတွေ ထပ်ထပ်ထည့်မိနေပြန်ရောလေ….

ရွှေယုန်

In: ကဗျာ Posted By: Date: Oct 15, 2010
Comment #1

ယောဂီဝတ်စုံနဲ့ကျတော့ ရွှေယုန်ကကြည့်လို့ကောင်းသား….ဟိ

commentinfo By: ic23u0 at Oct 15, 2010
Comment #2

ငါမသိတဲ့လူတွေကိုတော့
အများကိန်းတွေလို့ သတ်မှတ်နိုင်ပေမဲ့
ငါသိတဲ့လူတွေကို
ငါ့မိဘ ၊ ငါ့ချစ်သူ ၊ ငါ့ဆွေမျိုး ၊ ငါ့မိတ်ဆွေ နဲ့
ငါတကော ကောနေလိုက်တာ….

မမယုန်ရေ…သိပ်မှန်..။

commentinfo By: ယုစံ at Oct 15, 2010
Comment #3

မဆုံးနိုင်တဲ့ သံသရာခရီးကိုလျှောက်ဖို့
လောင်စာတွေ ထပ်ထပ်ထည့်မိနေပြန်ရောလေ….

တရားသဘောဆင်ခြင်မိသွားစေလို့ thank a lot.

commentinfo By: moezat at Oct 15, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment