Professional Authors

နေ့တစ်နေ့ရဲ့ဒိုင်ယာရီ (မိုးဇက်)

“မေ့လိုက်ပါတော့” တဲ့
မင်းပြောတဲ့စကား
င့ါမျက်လုံးတွေပြာသွား
ငါ့နားတွေလည်းမကြားတော့ဘူး
ကောင်းကင်ကြီးတောင်မဲမှောင်သွားခဲ့တယ်
မင်းထားသွားခဲ့ တဲ့အဲဒီနေ့က

“ခွှင့်လွှတ်ပါ” တဲ့
မင်းပြောတဲ့စကား
ငါမကြားတော့ဘူး
ကမ္ဘာကြီးချာလည်သွား
ငါ့အသဲတွေကြေမွသွားတယ်
မင်းထားခဲ့တဲ့ အဲဒီနေ့က

“နှုတ်ဆက်ခဲ့ပါတယ်” တဲ့
မင်းပြောခဲ့လည်း
စကားလုံးတွေဆွံ့အ
ငါ့နှလုံးသားလည်းရပ်တန့်သွားတယ်
မင်းထားခဲ့တဲ့ အဲဒီနေ့က

In: ကဗျာ Posted By: Date: Oct 13, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment