Professional Authors

ကြေပါစေ !!!

အဆုံးထိရောက်အောင် အစော်ကားခံရလဲ
ငါ….ကျေးဇူးတရားကို စောင့်ထိန်းရမယ်လေ။
တစ်လုပ်စားဖူး သူ့ကျေးဇူး စောင့်ထိန်းရတာကိုး
တင်နေတဲ့ကျေးဇူးက အသက်သခင်ဖြစ်နေခဲ့သူလေ။

လုပ်သူက တစ်လှည့်…ခံရသူက တစ်သက်
မမျှတတဲ့လောကမှာ မျှတမှူကို ခဏတာ တမ်းတမိဖူးသူ
ငါက အရူးပေါ့။

တကယ်ဆို
ငါ….. တမာဓိချိန်ခွင်ရဲ့ သဘောသဘာဝကို
နားလည်ထားသင့်တာ။

ဘဝမှာ ဘယ်သူမှမသိတောင်
ဘုရားသိတယ်။
အမှန်တရားဆိုတာ သက်သေပြရတာမဟုတ်ဘူး
အချိန်က ဆုံးဖြတ်ပေးသွားတာ။

အငြိုးနဲ့သာ ရွာချလိုက်စမ်းပါ….
ငါ့ အသွေးအသား ခန္ဓာဥာဏ်ထိ ရွဲစိုသွားအောင်
ဒီဘဝနဲ့တင် ငါ….. အကျေဆပ်သွားချင်လို့ပါ။

(၁၃-၁ဝ-၂ဝ၁ဝ)

In: ကဗျာ Posted By: Date: Oct 13, 2010
Comment #1

အရမ်းကောင်းတယ်
ကဗျာလေးက ဆက်ရေးနော် အားပေးနေမယ် …… ကျေးဇူးတရားကို ညီမလေးလည်း မုန်းတယ် ……… ဘ၀နဲ့ရင်းပြီး ဆပ်လည်း……………… ကျေးဇူးတ၇ားက…………………………
ကဗျာလေးက ညီိမလေးဘ၀ နဲံတိုက်ဆိုင်တယ် …………………. စေတနာနဲံကူညီတာကိုကျေးဇူးတ၇ားလိုပြောရင် အဲဒီကျေးဇူးတရားတွေကို ပြန်အမ်းလိုက်ချင်တယ်……………………………………………

commentinfo By: nyimalay at Oct 14, 2010
Comment #2

ဟုတ်ကဲ့…ကြိုက်တဲ့သူတွေအားလုံးကော…comment ပေးတဲ့ ညီမလေးကိုလည်း ကျေးဇူးပါ။

commentinfo By: pannei at Oct 16, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment