Professional Authors

လူသား အဘိဓာန်

ပျော် ရွှင် မှု နဲ့

နေသားမကျတဲ့ ကောင်

စုတ်ချက်တိုင်းက

ကဗျာ မဆန်လှဘူး။

 

ပျော်ရွင်မှုတိုင်း ပေတံမှာ

ယူနစ်ပျောက် နေတဲ့ ဘဝ

အသက်ရှုနေရုံလေးပါပဲ

ဒီဘူတာ နဲ့ ဒီရထား

တနေ့နေ့တော့ တွဲ မိ မှာပါ။ 

 

ခြေလှမ်းတိုင်းက

တောင်စဉ်ရေမရတွေ

ပြေးလွှားနေကြတာ

ပခုံးချင်း ဆက်ယှက်ဖို့ တောင်

အခွင့်မသာ ပြန် ဘူး။

 

သောက်သုံးမှု နဲ့ စွန့်ထုတ်မှု

ဖြစ်စဉ် ကြားမှာ

အမြတ်ထုတ်ဖို့ကို

အစကတည်းက

ခေါင်းစဉ် ခွဲထားလိုက်ရမှာ။

 

ရာသက်ပန်

ပြုံးပြုံးလေး

နေတတ်တာက

ရာသီဥတု။

 

ဥတုရာသီ တောကိုမှီ ဆိုလို့

ကျွန်တော်မှာတော့

မှီစရာ နံရံ တခု ပဲ ရှိတယ်။

 

အမြဲတမ်း.. စိမ်းစိုနေတတ်တဲ့

အိမ်နောက်ဖေး အုတ်နံရံလဲ

ရေညှိတွေနဲ့ 

တန်ဆာ မဆင်ဖြစ်တော့ဘူး

အမြဲတန်းကြီးတော့

မိုးဥတု မဖြစ်နိုင်ဘူးလေ။

 

သံယောဇဉ် နဲ့ မေတ္တာတရား

စည်းချက်ကျကျနဲ့  ခြေရှုပ်နေတာ

 ရွံစရာကောင်းတယ်ဗျာ။

 

ထွက်ပြေးတိုင်း  

လွတ်မြောက်မှုမှ မဟုတ်တာ

လူတိုင်း ဖြူစင်ပါတယ်လို့

ပြောနေတဲ့ ခေတ်မှာ

ငါလဲ မင်းတို့ နဲ့ 

ပါးပါးလေးတော့ တူချင်ပါရဲ့။

 

 

မင်းလောက် မဖြူစင်ဘူးထင်လို့

ယုန်ကလေးတွေတောင်

သတ်ပြစ် လိုက်ပြီ ဒဲ့

Animal abuse ကို

နာမည်ပြောင်း

ကင်ပွန်းတပ်ပွဲ ကြီး တခု။

 

သက်သေ ရှာလို့ မရတဲ့

Ethnic Cleansing တခု

ဖြစ်ပွားတော့မယ့် ပုံပဲ။

 

ဒီအိုးနဲ့ ဒီရေ တန်ဖိုးတူဖို့

ရိုးရိုးလေး ယစ်မူးခဲ့တာပါ။

ဝတ်ကျေတန်းကျေ မနှစ်သိမ့်ပါနဲ့

အသားမကျ တော့လို့ပါ။

 

ရုန်းတိုင်း မြုပ်နေတဲ့ ဗီဇတွေလဲ

နေမ၀င် အင်ပါယာ အောက်မှာအတုံးအရုံး

မစော်ကားပါနဲ့ မော်ကြွားခွင့်ရှိပါတယ်

အလှု ခံလာတိုင်းလဲ

မောင်းမထုတ်တတ်ပါဘူး။

 

မင်းဘာကောင်လဲ

ငါဘာကောင်လဲ

ရာဇသံပို့ ငြင်းချက်ထုတ်ရမယ့်

အချိန်လဲ မဟုတ်ဘူး

ယုံကြည်မှု နဲ့ နုံအ မှု

လိုသလို ပုံမသွင်းနိုင်မှတော့

ဒီတခေါက် မင်း 144 ကို

ကျော်နိုင်မှာ မဟုတ်တော့ဘူး။

 

 

FiйaL mUtaTioй

 

In: ကဗျာ Posted By: Date: Apr 21, 2013
Comment #1

aww .. taw taw a mistake lot kat tal think dal..

commentinfo By: cynthia at Apr 21, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment