Professional Authors

ဧည့်သည်

         ဧည့်သည်
ဘုရားပေးသလောက်ထဲမှာမှ
ကျနော်ဟာ ကိုယ်နဲ့တန်သလောက်ပဲ ရခဲ့တဲ့ကောင်ပါ
ဘဝကို နေတတ်အောင် ကြိုးစားနေရတယ်
ရောင့်ရဲနိုင်အောင် ကျင့်ကြံနေရတယ်
မစ္ဆိရ စိတ်တွေ မပွားချင်တော့ဘူး
ကိုယ့်အထာနဲ့ ကိုယ့်အထွာနဲ့ပေါ့။

ကိုယ်မတတ်နိုင်တာတွေအတွက်
ကိုယ့်စိတ်ကို ကိုယ်မညှင်းပန်းချင်တော့ဘူး
ထိလွယ် ငြိလွယ်တာတွေကိုလျော့
ဖြစ်တတ် ပျက်တတ်တာတွေကို မှတ်
ဘယ်အရာမှ မမြဲဘူးဆိုတာ
အသိမှာ သတိလေးကပ်မှ။   ။

In: ကဗျာ Posted By: Date: Oct 11, 2010
Comment #1

ကိုယ်မတတ်နိုင်တာတွေအတွက်
ကိုယ့်စိတ်ကို ကိုယ်မညှင်းပန်းချင်တော့ဘူး
ထိလွယ် ငြိလွယ်တာတွေကိုလျော့ {ဟုတ်တယ်နော် အဲဒါတွေကိုများများလျှော့မှ ကိုယ်ကိုတိုင်လဲ ငြိမ်းချမ်းမယ်လေနော်}……….. 😀

commentinfo By: ရွှေငါး at Oct 12, 2010
Comment #2

ei lay ta yar ya twar par p
thz so much

commentinfo By: ei lay at Jan 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment