Professional Authors

သည်းဦးပန်း

တစ်ခက်တွင်တစ်ပွင့်
အယဉ်ဆင့် လို့ 
တင့်တယ်စွာ ငွားစွင့် စွင့်
ပွင့်လန်းနေခိုက်မှာ
အငိုက်မိကာ
ခူးခံ မထိစေဖို့ 
ဆူးတွေကာရံထားလို့ 
လှမာန်ဝင့် နေတယ်
မထင်လိုက်ပါနဲ့ 
တစ်သက်စာရည်းစူးသူအတွက်
အလှမပျက်ဘဲ ဆက်သချင်တဲ့ 
ရည်ရွယ်ချက်သက်သက်ပါ

တကယ်အတည်သာ
လက်ကမ်းပါလျှင်
ခူးမည့် လက်ကို
ဆူးချက်မထိစေဘဲ
ပေးအပ်ပါ့မယ်
တစ်ပွင့်တည်းသော
ချစ်သည်းဦးပန်း…..။

In: ကဗျာ Posted By: Date: Oct 2, 2010
Comment #1

Great !
i do like it .
အရမ်းကို ကောင်းပါတယ်။

commentinfo By: sorrower.kl at Oct 3, 2010
Comment #2

မိုက်တယ်နော်

commentinfo By: ဖြိုး at Oct 3, 2010
Comment #3

thanks a lot

commentinfo By: Blar at Oct 4, 2010
Comment #4

ကဗျာလေး ဆိုလို၇င်း ၇ည်ရွယ်ချက် ကောင်းတယ် သဘောကျတယ်။

commentinfo By:ိdan at Dec 29, 2010
Comment #5

so much like.
thz so so much.

commentinfo By: ei lay at Mar 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment