Professional Authors

ငါ့ဆန္ဒ

ငါသေရင် အလောင်းလှလှလေး ဆင်ပေးပါတို့

မီးမသင်္ဂြိုလ်ပါနဲ့တို့

မိသားစုတွေ လိမ်လိမ်မာမာ နေခဲ့ကြတို့

ငါ့နာမည်နဲ့ အလှူလုပ်ပေးပါတို့၊

ငါ့ပိုင်ဆိုင်မှုတွေ သေတမ်းစာမှာပါတဲ့အတိုင်း

ခွဲဝေယူကြတို့ ၊

စသည်………စသည်ဖြသ့်ပေါ့ဗျာ။

သေမယ့်အရေးကို သေတမ်းစာ အရှည်ကြီးရေး ၊

အသက်မထွက်ခင် မောမောပန်းပန်းနဲ့

အမှာစကားတွေ အများကြီးပြော

အရမ်းစိတ်ပျက်ဖို့ကောင်းတယ်။

ကျွန်တော်ဆိုရင်တော့ ရှင်းရှင်းလေးတစ်ခွန်းဘဲ ပြောမှာ။

ဖဲဝိုင်းထောင်တော့လို့

In: ကဗျာ Posted By: Date: Sep 30, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment