Professional Authors

ထာဝရအတွက် (Be Forever)

နင့်အတွက် ငါဟာ ထာဝရ

ငါ့အတွက် နင်ဟာ ထာဝရ

ထာဝရအတွက် ငါတို့ ချစ်ခဲ့ကြ

ထာဝရတည်မြဲဖို့အတွက်

ငါတို့နှစ်ယောက် သစ္စာထားကြ

ဘယ်တော့မှ မပြောင်းလဲတဲ့

အချစ်ဟာ ငါတို့ကြားမှာ ထာဝရ။

 

ငါရွှေးချယ်ခဲ့တာက ထာဝရအတွက်မို့

တို့နှစ်ယောက်ကြား အမှားမှား အယွင်းယွင်းရှိခဲ့ရင်လည်း

အဲဒါတွေဟာ ငါ့အတွက် အသေးအဖွဲလေးပဲဖြစ်မှာပါ။

အကြိမ်ကြိမ် နင့်ကို အရှုံးပေးဖို့အတွက်လည်း

ငါ့ဖက်က အဆင်သင့်ဖြစ်မှာပါ။

အပြစ်တင်အနိုင်ယူလိုစိတ်၊ မနာလိုသ၀န်တိုစိတ်

စတဲ့….. စသတဲ့ စိတ်တွေဟာ

ရေရှည် ထာဝရအတွက်

မလိုအပ်လို့ ငါ့စိတ်တွေ အတတ်နိုင်ဆုံးရှင်းထားမယ်။

 

ငါ့ရင်ထဲက ထွက်ကျလာတဲ့စကားလုံးတိုင်းဟာလည်း

ထာဝရအတွက် ရည်ရွယ်ပြီးပြောတာမို့ နင်မယုံနိုင်ရှိခဲ့ရင်

ငါ့မျက်ရည်တွေက သက်သေဖြစ်မှာပါ။

အရိုးစင်းဆုံး စကားလုံးနဲ့ကိုယ်ပြောမယ်

ငါ နင့် ကို ချစ် တယ်

ထာဝရဆုံးထိ ဒီစကား ကိုယ်ပြောထွက်နေမယ်

နင် မယုံနိုင်ရှိခဲ့ရင် ထာဝရဆုံးထိစောင့်ကြည့်နေပါ ။
(ကတုံးလေး) 

In: ကဗျာ Posted By: Date: Feb 6, 2012
Comment #1

ငါ့အတွက် နင်ဟာ ထာဝရ

ထာဝရအတွက် ငါတို့ ချစ်ခဲ့ကြ

ထာဝရတည်မြဲဖို့အတွက်

ငါတို့နှစ်ယောက် သစ္စာထားကြ

ဘယ်တော့မှ မပြောင်းလဲတဲ့

အချစ်ဟာ ငါတို့ကြားမှာ ထာဝရ။

commentinfo By: kantkawmg at Feb 6, 2012
Comment #2

အရိုးစင်းဆုံး စကားလုံးနဲ့ကိုယ်ပြောမယ်

ငါ နင့် ကို ချစ် တယ်

commentinfo By: May kha at Feb 6, 2012
Comment #3

အရိုးစင်းဆုံး စကားနဲ့ ကတုံးလေးပြောချင်တယ်
ကျေးဇူးတင်တယ်။

commentinfo By: gadounlay at Feb 6, 2012
Comment #4

yoe yoe tar tar win khan like p,,
a yan ko chit phoe kaung de,,poem lay par

commentinfo By: ei lay at Feb 7, 2012
Comment #5

ကဗျာက အိလေးပြောသလိုပဲ
ချစ်စရာလေးပါ…
အားပေးသွားပါတယ်..

commentinfo By: poem.poem28 at Feb 7, 2012
Comment #6

ငါ နင့် ကို ချစ် တယ်

ထာဝရဆုံးထိ ဒီစကား ကိုယ်ပြောထွက်နေမယ်

နင် မယုံနိုင်ရှိခဲ့ရင် ထာဝရဆုံးထိစောင့်ကြည့်နေပါ ။ တဲ့…

အရမ်းကြိုက် .. 😀

commentinfo By: ko thu at Feb 7, 2012
Comment #7

မမိုးအားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Feb 11, 2012
Comment #8

so muchhhhhhhhh like,
plz let me copy,,,

commentinfo By: ei lay at May 12, 2012
Comment #9

ဟုတ်ကဲ့ ကော်ပီယူသွားလို့ရပါတယ် eilay ရယ်
ဒါပေမယ့် ကော်ဖီတော့ တိုက်ရမယ်နော် … 😀
သူငယ်ချင်းအားလုံးကို
ခင်မင်လေးစားလျှက်
ကတုံးလေး။

commentinfo By: gadounlay at May 12, 2012
Comment #10

he,,he,, 😛
why not?
ever ok.
i want to meet u,ma moe,ma kay,ma myor,ko moe g,ko lu soe,ko poem if possible.

commentinfo By: ei lay at May 12, 2012
Comment #11

I also to meet u and all of my poemscorner friends.

commentinfo By: gadounlay at May 12, 2012
Comment #12

if love & faith ,,, how life is meaningful

commentinfo By: ei lay at Sep 8, 2012
Comment #13

Whenever I read,,,,feel so sweet.

commentinfo By: ei lay at Apr 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment