Professional Authors

နင်သိဖို့

ခံယူချက်ခြင်းတော့တူပါရဲ့
ခံစားချက်တွေက ပြဒါးတစ်လမ်း သံတစ်လမ်း
မာနလား ဟိုဘက်ကမ်းကိုခဏရောက်နေတယ်
နင်လာနေလို့ သူဟိုဘက်ရောက်သွားတယ်
ငါလား…..  နင့်အတွက်မလိုအပ်ဘူးဆိုရင်ဖြင့်
သိမ်းမထားနဲ့လေ
ဝန်ထုပ်ဝန်ပိုးဖြစ်ပါတယ် ၀ဲလိုက်…
ညှင်သာမှုတော့ ရှိပါစေ
ကိုယ်ရော စိတ်ရောနာနေရင်
ဘ၀ကဘယ်လှမလဲ
စိတ်လား……  ကုစားရလွယ်ပါတယ်
နင်နဲ့မတူတဲ့ နောက်တစ်ရောက်တော့
ငါ့ဆီကို ၀ဋ်ကျွေးတွေ ထမ်းရင်း
ငါနဲ့တူစွာလာခစားပါလိမ့်မယ်

In: ကဗျာ Posted By: Date: Sep 30, 2010
Comment #1

အရမ်းကောင်းပါတယ် ညို ……။
စာသားနည်းနည်းလေနဲ့ ထိရောက်ပါတယ်

commentinfo By: ကေသရီ at Sep 30, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment