Professional Authors

ငါအခု နားလည်သွားပြီ

 

အရင်ကလေ မချစ်ဘဲနဲ့ယုံအောင်ပြော

မကြွေဘဲနဲ့ အဆင်လိုက်လျောတက်တဲ့

လူတစ်ယောက်ရဲ့ အပြုအမူကို

ငါ အခုနားလည်သွားပြီ….။

တခါကလေ မလွမ်းဘဲနဲ့ ငိုအောင်ချွဲ

စိတ်မပါပဲနဲ့ ပျော်သလိုတွဲတက်တဲ့

လူတစ်ယောက်အကြောင်း

ငါ အခုနားလည်သွားပြီ….။

ကာလတစ်ခုကလေ  အချစ်ပါလို့ အကုန်ပုံအော

မမုန်းနိုင်အောင်လို့ ချိုသာလွန်းတဲ့

လူတစ်ယောက်အချစ်

ငါ အခုနားလည်သွားပြီ….။

ဒီလိုပဲလေ ဒဏ်ရာရဖူးတဲ့ ခံစားချက်

အလိုလိုနေရင်းနဲ့ အချစ်ရဲ့လှည့်စားခြင်းတွေကို

ကျေကျေညက်ညက်ကြီး

ငါ အခုနားလည်သွားပြီ….။

 

In: ကဗျာ Posted By: Date: Sep 28, 2010
Comment #1

ဒီလိုပါပဲလေ……… တခါတလေတော့လည်း…………

commentinfo By: guitar crazy at Sep 28, 2010
Comment #2

ချစ်ဆိုတာကောင်းဘူး

commentinfo By: ဖြိုးဖြိုးနိုင် at Sep 29, 2010
Comment #3

ကောင်းပါတယ် သူငယ်ချင်းရဲ့
ကောင်းတာလေးတွေ သူငယ်ချင်းဆီ
ရောက်မလာသေးလို့ ဖြစ်မှာပါ

commentinfo By: guitar crazy at Sep 29, 2010
Comment #4

ဟုတ်ပါ့မလား guitar crazy ရေ…….ကေ ကတော့ ကောင်းတာရဖို့မပြောနဲ့ ကေ့အချစ်ကို အကောင်းတိုင်းတောင်မှ သတ်မှတ်ခြင်းမခံရပါဘူး……။

commentinfo By: ကေသရီ at Sep 29, 2010
Comment #5

ထင်လို့ ပါ တန်ဖိုးထားတတ်တဲ့လူနဲ့ တွေ့ ၇င် ကောင်းတာလေးတွေေ၇ာက်လာမှာပေါ့
ဒါကိုတော့ ယုံပါ

commentinfo By: Flora White at Sep 29, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment