Professional Authors

နောက်ကွယ်

ငါက…..
တိမ်တွေလို ရွေ့လျားလွယ်တယ်တဲ့လား…..
ချစ်သူ….
တိမ်တွေနောက်က ထာဝရရပ်တည်ပေးတဲ့
ကောင်းကင်ကြီးကို မေ့ထားတာလား….။

ငါက……
ပင်လယ်လို ပြောင်းလဲလွယ်တယ်တဲ့လား…..
ချစ်သူ
ရေမျက်နှာပြင်ရဲ့ အောက်က
ပင်လယ်ရဲ့ နက်ရှိုင်းမှုကို သတိမရတော့တာလား…..။

ငါက……
ပျံလိုရာပျံသန်းနေတဲ့ ငှက်ငယ်တဲ့လား…
ချစ်သူ
တစ်သက်မှာ တစ်ချစ် အသက်ပေးပြီး
ချစ်တဲ့ လွန်းကြင်ငှက် အကြောင်းမေ့ပစ်တော့တာလား…….။            ။

In: ကဗျာ Posted By: Date: Sep 27, 2010
Comment #1

mike de kwar,,
lone wa mike de

commentinfo By: ei lay at Mar 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment