Professional Authors

လောကနာရီ

လောကနာရီ အစချီ ကိုယ်တွင်းပြည့် ရတုပိုဒ်စုံ

လောကနာရီ၊ ဘာသာကြည်မွေ့၊ ခါမှီရွေ့ညောင်း၊ ဆောင်းတပြန်လှစ်၊ နှောင်းဟန်ဖြစ်တည်၊
တွယ်နှစ်ကြည်ထွေး၊ ရစ်သီနွေးလို။ ။ လှစ်တွေးပိုသင့် မပိုသင့်။

မောလျတာရှည်၊ ခါရာသီကွေ့၊ ပြာသီငွေ့လောင်း၊ ဟောင်းတဖန်သစ်၊ လောင်းပြန်ရစ်သည်၊
ငယ်ချစ်သီကြွေး၊ ချစ်ရည်ထွေးစို။ ။ ချစ်တေးဆိုသင့်မဆိုသင့်။

သောကရာသီ၊ မာယာသီဝေ့၊ ယာယီရွှေ့အောင်း၊ ပြောင်းအပြန်ဖြစ်၊ စောင်းမာန်သစ်ချီ၊
ပယ်ပစ်ချည်ဝေး၊ နှစ်ရှည်ဆွေးပို။ ။ ဟစ်ကြွေးငိုသင့် မငိုသင့်။

ကဗျာရွာအဟောင်းမှာ ၂၀၀၈ ခုနှစ်၊ ဇူလိုင်လ ကတည်းက တင်ထားခဲ့တဲ့ ရတုလေးပါ။
ကိုယ်တွင်းပြည့် ရတုပိုဒ်စုံ လို့ခေါ်ပါတယ်။ အချီရော အချရော ညီရမယ့်အပြင် ၀မ်းတွင်းကာရန်တွေလည်း ရှိသမျှ ပါဒ အကုန် နဘေထပ်ရပါတယ်။ ရေးဖူးတယ်ရှိအောင် ပထမဆုံးကြိုးစားရေးကြည့်ထားခဲ့တဲ့ ရတုလေးပါ။ ကဗျာရွာအသစ်မှာ ပြန်တင်ပေးလိုက်ပါတယ်။

မဖတ်ရသေးသူများလည်း ဖတ်ရှုဝေဖန်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ် ခင်ဗျာ …

ဟယ်ရီ

In: ကဗျာ Posted By: Date: May 29, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment