Professional Authors

သံသယ

အချိန်တိုင်းမှာလူတွေရဲ့စိတ်ကိုဖမ်းစားတတ်တဲ့အရာထဲမှာသူလဲပါတယ်

လျှောက်လှမ်းတဲ့လမ်းတွေတိုင်းမှာခြေထောက်တွေကိုယိုင်လဲစေတာသူပါတယ်

ပျော်ရွင်မူတွေဆိတ်သုန်းစေတာလဲသူပါတယ်

အနာဂတ်ကိုပြောင်းလဲစေတာလည်းသူပါတယ်

မေ့လျော့နေတတ်တဲ့သူတွေကိုထိုးနှက်တတ်တဲ့နေရာမှာလည်းသူပါတယ်

သတိရနေတတ်တဲ့သူတွေကိုလည်းနှောင့်ယှက်တတ်တာသူပါတယ်

မြင်နေသမျှအရာတွေမှာလဲသူပါတယ်

ခိုင်လုံတဲ့အကြောင်းတွေမှာလဲသူပါတယ်

မခိုင်လုံတဲ့လျှောက်လဲချက်တွေမှာလဲသူပါတယ်

ကမ္ဘာမှာငါအမုန်းဆုံးတစ်ခုကဒီသံသယတွေပဲ

ငါလဲဒီထဲမှာပါဝင်နေတဲ့လူသားတစ်ဦးပဲ

မခိုင်မာတဲ့ဆုံးဖြတ်သူတွေအတွက်တော့သူမီးပဲ

ခိုင်မာတဲ့တွယ်တာသူတွေအတွက်တော့သံသယကဖွဲ…စကွဲပဲ

In: ကဗျာ Posted By: Date: Sep 25, 2010
Comment #1

မိုးတိမ်ခ ရေးတဲ့..အဲဒီသံသယက ကျွန်မရဲ့အတွေးတိုင်းမှာပါနေတယ်ရှင့်.. တော်တော်ဆိုးပါတယ်.. ကြောက်စရာလဲအရမ်းကောင်းပါတယ်.. သူကခင်မင်မူတွေကိုလဲ ပျောက်ဆုံးစေပါသေးတယ်ရှင့်

commentinfo By: ရွှေငါး at Sep 27, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment