Professional Authors

နားလည်မှု

နားလည်မှု

ဘယ်လိုသဘောမျိုးလဲမသိ

ဒါပေမယ့်  ငါလက်ကိုင်ထားတယ်

သူနဲ့ဝေးရင် အချစ်ကထွက်ပြေးမှာစိုးလို့

ဘာကြောင့်မှန်းမသိ

ငါကျေနပ်နေခဲ့တယ်

သူ့ကြောင့်သာမဟုတ်ရင်

အချစ်က ငါ့ကို မုန်းသွားမှာလေ

ဘယ်လိုအစွမ်းမျိုးလဲမသိ

ငါ…ကိုးကွယ်ခဲ့တယ်

သူသာမ၇ှိရင်

အချစ်က ငါ့အတွက်

အသိအမှတ်ပြုတဲ့နေရာ ပေးမှာမဟုတ်ဘူး

သူရှိနေလို့ ငါ့ဘေးမှာ ငါ့ချစ်သူက တစိမ်းမဆန်ခဲ့ဘူး…..

သူ ဆိုတဲ့ နားလည်မှုတွေနဲ့

ငါအပေးအယူမျှနေပါတယ်

ချစ်သူရယ် ငါ့ကို မထားခဲ့ပါနဲ့နော်….။    

 

In: ကဗျာ Posted By: Date: Sep 25, 2010
Comment #1

မျှော်လင့်ခြင်းတွေနဲ့အပေးအယူတူမျှလို့ဆုံကြဖို့အရေး
ဆုတောင်းပေးလိုက်ပါတယ်
ကောင်းပါတယ်ခံစားချက်အတွက်ဖတ်ရှုရတာကို

commentinfo By: moetainkha.linnyone at Sep 25, 2010
Comment #2

တိုက်ဆိုင်မှုရှိလို့ ကြိုက်မိပါတယ်

commentinfo By: Flora White at Sep 25, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment