Professional Authors

ချစ်ခြင်း၇ဲ့ ဖိတ်ခေါ်သံ

လွမ်းတိုင်းမှာ ပန်း၇ိုင်းတစ်၇ာပွင့် 

ကြယ်စင်တွေမြေမှာခ..

အာ၇ုံထဲမှာ ၇ိုက်သံနဲ့ လေပြေေ၇ာလို့ 

နင်အ၇မ်းကြိုက်တဲ့  သီချင်းတစ်ပုဒ်ကို

တိုးတိုးလေး ညဉ်းဆိုနေ….

 

ချစ်ခြင်း၇ဲ့ အပြုံးလက်ဆောင်

ငါမင်း၇ဲ့ နှလုံးသားကို

နမ်း၇ှိုက်ခွင့် ၇ပြီမို့ ..

ကျန်တာတွေမလိုပါ..

အချစ်စစ်သည်သာထာ၀၇

မုန်းမ၇တဲ့ ဒီ၇င်ခွင်မှာ

အ၇ှုံးများစွာနဲ့ အတူ

ငါနဲ့ နင့် ၇ဲ့ ကျန်၇ှိနေသေးတဲ့ အချိန်များစွာကို

တူတူဖြတ်သန်းသွားပါ၇စေလား

 

ကြံကမ္မာအကြောင်းကြောင်းကြောင့် 

အ၇ာ၇ာပြောင်းလဲသွားသော်လည်း

အဖန်တစ်၇ာမပြောင်းလဲမဲ့ အချစ်များစွာနဲ့ 

ကြေမွဆိတ်သုဉ်းနေတဲ့  ဒီ၇င်ခွင်ကို

အမုန်းမဖက် ပြုံးမပျက်ပဲ

အပြေးလာခဲ့ ပါတော့ ချစ်သူ….



⎝⏠⏝⏠⎠ ^_^

In: ကဗျာ Posted By: Date: Sep 24, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment