Professional Authors

အံကြိတ်သံ

လူကလူကိုစက္ကူချပ်လေးတွေ
ကြားခံပြီးစားတယ်
နောင်တဟာဘယ်တော့ မှ
ကြောင်ကျကျတဲ့ အချိန်
မလာတက်ဘူး
ဒဏ္ဍာရီတိုင်းမှာကျောရိုးရှိချင်မှရှိမယ်
လူတိုင်းမှာတော့ 
မတ်မတ်ရပ်ခွင့် ရှိနေရက်နဲ့ 
တခါတလေ
ခေါင်းခဏခဏညိတ်ပြနေရတာ
မောတယ်။။။။
မင်းလူန

In: ကဗျာ Posted By: Date: Sep 22, 2010
Comment #1

“ဒဏ္ဍာရီတိုင်းမှာကျောရိုးရှိချင်မှရှိမယ်”

အတော်ကောင်းတယ် ကိုမင်းလူန

commentinfo By: သက်ထွေး at Sep 22, 2010
Comment #2

လူကလူကိုစက္ကူချပ်လေးတွေ
ကြားခံပြီးစားတယ်
နောင်တဟာဘယ်တော့ မှ
ကြောင်ကျကျတဲ့ အချိန်
မလာတက်ဘူး ။
ကဗျာတစ်ပုဒ်လုံးကိုကြိုက်တယ်။ အရမ်းမိုက်တယ်။

commentinfo By: terry at Sep 22, 2010
Comment #3

ကျေးဇူးတငိပါတယဗျာ။။။။။။။။

commentinfo By: kathitni1980 at Sep 22, 2010
Comment #4

ခေါင်းခဏခဏညိတ်ပြနေရတာ
မောတယ်…….ဆိုရင်လည်းမညိတ်ပြနဲ့ပေါ့
ဘယ်သူကညိတ်ခိုင်းလို့လည်း………….
နောက်တစ်ခါဆိုခေါင်းခါနော်ကြားလားးးးးးးးးးးးးးးး

ကိုလူန

commentinfo By: pyae sone at Sep 22, 2010
Comment #5

ခေါင်းသွားမခါနဲ့ ဗျို့.. ကိုလူန
စက္ကူချပ်လေးတွေ ကြားညှပ်ပြီး အစားခံနေရဦးမယ်.. ။

commentinfo By: sorrower.kl at Sep 22, 2010
Comment #6

phyit chin tar ne phyit nay tar tway ka ta khar hma htet tu ma kya tay bu.

commentinfo By: ei lay at Feb 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment