Professional Authors

ဘဝ မိတ္တူ

 

 “ဘဝ မိတ္တူ ”

 

ဘဝရဲ့ နေနည်းထိုင်နည်းကို

အပျိုမ ဆန်ဆန် မာနကြီးလိုက်တော့

တခွက် ၂၀၀ ပေးရတဲ့ လက်ဖက်ရည်လောက်တောင်

မလိုင်အပြည့်မပါတော့ဘူး

 

အိပ်မပျော်တဲ့ ညကို ကြိုးချည်ထားလိုက်

မြုပ်ချည်ပေါ်ချည် ဖြစ်နေတဲ့ ဘဝကို

သဲထဲလောင်းပြီး အနည်ချခဲ့

ပြောရင်း ရင်ထဲမှာ လေပူတွေ ဝေ့လာပြန်ပြီ

 

အူမဘယ်လောက် တောင့်တောင့်

မစောင့်ဖြစ်တဲ့ သီလတွေ မနည်းဘူးကွယ်

အားလုံးက ကျွဲလို့ ဖတ်နေတော့

စိတ်ရှုပ်ခံပြီး ပြောမနေချင်ပါဘူး

တခါတလေ

ငါ ….

အားရပါးရ သေချင်တယ် ။

 

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Sep 18, 2010
Comment #1

ဈေးရောင်းကောင်း ပန်းမန်းဂါထာတော်
(၁)=ဥုံဩဃလိမ်မာ ဆရာမှန်းထား သိကြားပေးသည့်မန္တရား၊
နေမင်းဆက်ပေး လမင်းပယ်လေ တိမ်မင်းဆိုက်ဆရာဆိုက် ။
(၂)=နမေတ္တာကျ မဟာလာချာ သဗ္ဗမေတ္တာ သဗ္ဗသိနေဟာ၊ သဗ္ဗသုခံ မဟာလာဘံ သဗ္ဗကောဓံ ၀ိနဿန္တိ။
(၃)=ဥုံရာဇာမဟာဒေ၀ီဝါ ဣတ္ထိပုရိသောဝါ ဓီတရံဝါ ရဇတံဝါ၊သုဝဏံ္ဏ့ဝါ အာဂစ္ဆန္တု အာဂစ္ဆန္တု ဧဟိ ဧဟိ။

commentinfo By: မောင်ဝံသ at Sep 18, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment