Professional Authors

“အရောင်မွဲ မနက်ဖြန်ရဲ့ နေ့ခင်းကြယ်”

 

                  

မိုးတိမ်တွေကိုကလွဲတာပါ …. အရွက်တွေကျိုးတို့ကျဲတဲနဲ့

ကံတရားခပ်မွဲမွဲလေးလောင်းပြီးစိုက်ထားခဲ့တာပဲ …..

မနေ့ကအတွေးတွေနဲ့ဒီနေ့  ငါ ကျဲကျဲတောက်ပူပြလိုက်တယ်

အတိတ်တွေတောင်မခံမရပ်နိုင်ဖြစ်လို့ …

ကြယ်ကြွေရင်ဆုတောင်းပြည့်သတဲ့… ကောင်းကင်ကစိတ်နာနာနဲ့မကြားတကြားရေရွတ်တယ်

ငါဆုတောင်းပြည့်ယုံလေးတော့ ကြယ်ရယ်…နင်မကြွေလိုက်ပါနဲ့ …                                                  ငါ့ဘာသာ ဘ၀မှာကော်ဖီခါးတစ်ခွက်သောက်ပြီးနေနေပါရစေ…

ကောင်မလေးရေ…နင်ပြောတဲ့ယုံကြည်မှုဆိုတာ ရေခဲတုံးတွေတော့မဖြစ်လိုက်ပါနဲ့ …

နေပူရင်ပျော်ကြလာတတ်တဲ့ နင့်မျက်ရည်တွေကိုငါကြောက်လို့ပါ

တကယ်တော့ နတ်ဘုရားတွေက သစ္စာတရားကိုဆော့ကစားဖို့များထားခဲ့သလားဟာ….

အခုဆိုနေ၀င်ရင် ညတွေနဲ့ နံပန်းလုံးပြီးဆော့တတ်လာတယ်

တကယ်တော့ ကောင်မလေးရယ် နင့်ရဲ့အချစ်ဆိုတာ ငါ့ကံတရားပါပဲ

နင့်ပြောတော့လက်ဖ၀ါးတဲ့ ငါကနင်မမြင်တဲ့လက်ဖမိုးကနေချစ်တယ်လို့ပြောခဲ့မိတာပါ….

ကံတရားရယ် နင်နောက်ဆိုမျက်ရည်တွေနဲ့မာယာမများပါနဲ့ဟာ…..

နင်ကတော့ကျီစားတာဆိုပဲ …. ငါတို့နှလုံးသားတွေကတော့ သွေးအလိမ်းလိမ်းနဲ့ …

ဘာပဲဖြစ်ဖြစ်ပါကောင်မလေးရယ် … မနက်ဖြန်တော့ ငါတို့အတွက်နေထွက်ဦးမှာပါ

တခုလေးပဲ …. အဲဒီတခုလေးပဲ

နေဆိုတာမထွက်တော့ရင်တောင် ငါ့ကိုယ်ငါမီးရှို့ပြီးမင်းအတွက်လင်းပေးမယ့်နေဟာ…ငါလို့…………

……………………………………………………………………………………………………………………

In: ကဗျာ Posted By: Date: Sep 14, 2010
Comment #1

Nice ….

commentinfo By: ic23u0 at Oct 11, 2010
Comment #2

နေဆိုတာမထွက်တော့ရင်တောင် ငါ့ကိုယ်ငါမီးရှို့ပြီးမင်းအတွက်လင်းပေးမယ်တဲ့လား….. very nice သားသား….

commentinfo By: shweyone at Oct 19, 2010
Comment #3

အမလေး နော် အဒီ့ ကောင်မလေး တော့ မနက်စောစောစီး ညော်စော်တွေနံလိုက်မယ့် ဖြစ်ခြင်း ။

commentinfo By: နွေးနွေး at Nov 1, 2010
Comment #4

အစ်မတော် နင်ဟာလေ…ငါရေးတဲ့ကဗျာလေးပြမိပါတယ် မောင်နှမခြင်းကိုမညှာဝူး
ဟားဟား
ကျေးဇူး ငါ့အစ်မကြီး

commentinfo By: သားသား at Nov 1, 2010
Comment #5

နင် မတွေး မိတယ့် လက်ဖ၀ါးနေရာက သူ့ ဘက် ကို တွေး ကြည့် မိတာကွယ်။

commentinfo By: နွေးနွေး at Nov 2, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment