Professional Authors

ရစ်သမ်လေးတစ်ခု (တာရာမင်းဝေ)

(၁)
ကိုယ်မြင်းကိုယ်စိုင်းတာပဲ
စစ်ကိုင်းဟာ
စကြဝဠာအပြင်မှာဆိုရင်လည်း
ရောက်အောင်သွားမယ်
(၂)
ကိုယ့်လှေကိုယ်ထိုးတာပဲ
ပဲခူးဟာ
သမုဒ္ဒရာရဲ့ အခြားတစ်ဖက်မှာဆိုရင်လည်း
ရောက်အောင်သွားမယ်
(၃)
ကိုယ့်ဘဝကိုယ်ဆောက်တာပဲ
ပါးနွဲ့တဲ့ဆပ်ပြာပူဖောင်းကလေး ဖြစ်ခဲ့ရင်တောင်
နောက်ဆုံးအချိန်ကျမှ
ထစ်ချုန်းသံလှလှနဲ့
ပေါက်ကွဲပြသွားမယ်။

တာရာမင်းဝေ
/* စာရေးဆရာမ အစ်မ မနော်ဟရီ ရဲ့ ကျွန်မချစ်သောကဗျာများ ဆိုတဲ့နေရာက သူသည် ကဗျာဆရာတစ်ယောက် ဖြစ်သည်  ဆိုတဲ့ post က ဖတ်ခွင့်ရပြီး တစ်ဆင့် ဖော်ပြတာပါ */

 

 

Comment #1

အဲဒီရစ်သမ်ထဲ တိုးဝင်ခဲ့ တယ်

commentinfo By: drogba at Mar 4, 2012
Comment #2

တိုတိုနဲ့ထိရောက်ပါတယ်။စနစ်တစ်ခုပါနေသလိုပဲ။

commentinfo By: lighthunter at Jan 10, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment