Professional Authors

ခြေစုံပစ်

တောက်ပမှုနဲ့နေရောင်ခြည်
လောက်ငှမှုတွေသွေရှောင်ဖီလို့
စိမ်းရက်တာလားကွယ်  ။    ။

ပန်းပွင့်လေးတွေစကားမပြောတတ်ပေမယ့်
လှမ်းလင့်ထွေးပွေ့ကာနေချင်တာမို့
ရင်မှာစို့လောက်တဲ့ အလွမ်းတွေအတွက်
ဖြေသာဖို့လောက်တော့ ပေးခဲ့ပါ ။   ။

ကမ်းနေတဲ့လက်တစ်ဖက်
လှမ်းယှက်ယူငင်လို့
ငါ့ကို –  ထွေးပွေ့လိုက်စမ်းပါ  ။  ။

နူးညံ့လှတဲ့ငါ့ နှလုံးသားကို
သည်းလွန်းလှတဲ့ မိုးရေထဲ
အလူးအလဲ ရက်စက်စွာ ခွဲထုတ်ခဲ့ ။   ။

ငါ့ကို – ခူးချွေပါ   ။
       – ပစ်ပယ်ပါ ။
       – ပန်ဆင်ပါ ။

ငါ့ရင်ထဲကတောင့်တခဲ့တဲ့
နေရောင်ခြည်ရဲ့အနွေးဓါတ်ကို

ခဏတော့ – ထွေးပွေ့ပါရစေ ။
              – နမ်းရှိုက်ပါရစေ ။

ပြီးတဲ့အခါ…………ငါ့ကို  စိတ်ရှိတိုင်းပြုပါလော့ ။   ။

In: ကဗျာ Posted By: Date: Sep 12, 2010
Comment #1

ငါ့ကို – ခူးချွေပါ ။
– ပစ်ပယ်ပါ ။
– ပန်ဆင်ပါ ။

ဆက်ရေးပါအုံးနော်

commentinfo By: kaungkinsoe at Nov 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment