Professional Authors

မနုဿသီချင်း

နေ၀င်တိုင်း ကြယ်စင်တွေကို
ကောက်ကောက်ပါ မျှားနေမိတတ်တဲ့ ငါ့ကိုယ်ငါ …
လက်တွေ အံသေလာတော့
ညပျောက်သူ …
တစ်ယောက်ပဲ ဆိုတာ သိခဲ့လိုက်ရ …
………………………………………………
တကယ်တော့ ငါဟာ …
သာမညမနုဿလူသား တစ်ယောက်သာ ဖြစ်တယ် …
(၂)
ခြေထောက်ညောင်းရင် ပြန်လာလိမ့်မယ် … ဆိုတာ
မျိုးရိုးစဉ်ဆက်ပိုင်ဆိုင်(နေထိုင်)လာခဲ့တဲ့
အိမ်အိုကြီးက တိုးတိုးလေး သိနေခဲ့တယ် …
ဒီတော့ …
မမျှော်လင့်ဘဲ သူ မှန်းထားတာထက် သာလွန်ထူးကဲစွာ …
ငါ့အသွေးအသားအားလုံး ခြေကုန်နှုန်းကျလာခဲ့ …
(၃)
ကတိုက်ကရိုက်လွတ်လပ်တဲ့ ဟိုတုန်းက ငါ့ခဏလေးများ လေးတွေ …
သတ်မှတ်ထားတဲ့ ကိုင်နေဆဲ
ဒိုင်ယာရီကောင်းကင်ကြီး ပြိုမကျလာခင် …
ငှက်တစ်ကောင်လို ကဆုန်စိုင်းပျံသန်းသွားပြီး
“အမေနဲ့ အဖေ ရေ …
သားပြန်လာပြီ …” လို့ အားရပါးရ ၀ုန်းဒိုင်းကြဲအော်လိုက်ချင်တယ် …
………………………………………………….
ဒီလိုနဲ့ …
ငါ့လမ်း ငါ လျှောက်ရင်း …
ချွေးသီးတွေ တဖြည်းဖြည်းချင်း တသွယ်သွယ်ပြိုကျလာခဲ့တယ် …
ပွန်းပဲ့ခြင်းနဲ့ နှုန်းချိမှုတွေ ခြေထောက်တွေပေါ် အစီအရီပြွတ်သီးလာခဲ့တယ် …
(၄)
“ပတ် ဗေ ဒိုး ဗေ …
ပတ် ဗေ ဒိုး ဗေ … ဗေ ဗေ ပတ် ဗေ ပုံ ပတ် …”
ပီပြင်အောင် ဆက်ကစမ်းပါ ကွ ငါ့ကောင်ကြီးရ …
မင်း အိမ်ရှေ့မျက်နှာစာကို မရောက်ခင်ထိ မင်း ပီပြင်အောင် ဆက်ကရမယ် …
………………………………………………………..

In: ကဗျာ Posted By: Date: Sep 11, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment