Professional Authors

ကျောင်းပိတ်တော့မယ်

ကျောင်းပိတ်ရက်တွေကို
မျှော်နေရတာကြာနေပြီ
ရောက်နိုင်ခဲပါဘိ
ဖြေနေရတဲ့ခက်ခဲတဲ့ဘာသာရပ်တွေကိုတောင်
မကြောက်မရွံ့ပဲ
မြန်မြန်ဖြေပြီးစေချင်တယ်
တနေ့ထက်တနေ့နီးလာတာနဲ့အမျှ
ပျော်ရွှင်လာရတယ်
ဇာတိမြေကိုလွမ်းနေတဲ့ငါ့စိတ်တွေ
ခဏခဏပြန်ပြေးနေတဲ့
ငါ့ဝိညာဉ်
ှရင်ဖွင့်ကြိုနေမယ့်ချစ်သူမရှိလည်း
အညတရငါ့မြှို့လေးနဲ့တင်
လုံလောက်နေပါပြီ
ဗိုလ်ချုပ်မွေးတဲ့ငါ့မြို့လေးရဲ့
ဖုန်နံ့တွေကို
တမ်းတနေရတာ
အကြိမ်ပေါင်းမနည်းဘူး
ရထားဥသြသံတွေက
အိမ်လွမ်းနာကိုပိုလို့အားပေးနေတယ်
မြို့လေးရေ……………………
ငါပြန်လာတော့မယ်
ကျောင်းတွေပိတ်တော့မယ်ကွယ်……..။ ။

In: ကဗျာ Posted By: Date: Sep 11, 2010
Comment #1

ဟုတ်တယ်နော်ကျောင်းတွေပိတ်တော့မယ်….
ကဗျာလေးကကောင်းပါတယ်…

commentinfo By: chomemeko at Sep 11, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment