Professional Authors

ပိတောက်ပွင့်ပြီ

ပိတောက်ပွင့်ပြီ
အောင်ကျော်ချမ်းအေး
တို့မန်းလေးကို
တခါတခေါက်
အရောက်လာဖို့
ကျုံးတော်ကြီးမှ ဖိတ်ခေါ်ပါရစေ။
အားနာတတ်သူ
တို့မန်းသူမန်းသား
အညာသားများက
ထိုးမုန့်နဲ့တူ
မန်းတောင်ကြီးမှာ ဧည့်ခံပါရစေ။
အပိုမပြော
အပြောမပို တတ်တဲ့
မန္တလာအလှ
ဂါရ၀ တရားနဲ့ တိုင်တည်ပါရစေ။
ဧရာဝတီ
အရှေ့ဘက်တည်
မန္တလာမည်သည့်
သာသနာ့အရပ်မှာ
မဟာမြတ်မုနိ
ဘုရားတော်ကြီးကို ဖူးမျှော်လှည့်ပါ။
ရွေခြေချင်းနဲ့
အဆင်ထွန်းလင်း
ဝင်းဝင်းလှလျက်
မန္တာလာသူတို့  ပြူငှာလျက်ပါ။
ခေတ်မှီ်ီဖွံ့ဖြိုး
အလှတိုးနေသည့်
ဈေးချိုတော်မှာ
ဈေးဝယ်တခါ ထွက်လှည့်ပါ။
သာသနာ့အရပ်
မြေမြတ်မှာကွယ်
အမြင်ဆန်းသစ်
ရွေဆိုင်းစနစ်ကို လေ့လာပါ။
ရက်ကန်းသမ
ချိုမြအသံ
နားဆင်၇န်တွက်
ဦးပိန်တံတား လျှောက်သွား၇အောင်။
တောင်ပြုံးပွဲအမှီ
နတ်ကနားကြည့်ဖို့
ကရေကရာ ဧည့်ခံပါရစေ။
ချိုသာအပြော
မနော်အလှ
ယဉ်ကျေးလွန်းသူ
မန္တလာသူနဲ့
တည်ကြည်ခံငြား
ရိုးသားဖြူစင်
ခင်မင်သူများ
မန္တလာသားတို့မှ
အဆင်လက်ကမ်း
လှမ်းလျက်ခေါ်သည်
မန္တလာမြေမှာ ပိတောက်ပွင့်ပြီ။

                                           မြူမင်းသွင်

In: ကဗျာ Posted By: Date: Aug 31, 2010
Comment #1

အားလုံးကို ဖိတ်ခေါ်ပါတယ်

commentinfo By: မြူမင်းသွင် at Aug 31, 2010
Comment #2

ပိတောက်ပွင့်ပြီ
ပိတောက်ပွင့်ပြီ
ပိတောက်ပွင့်ပြီ

ရာသီကပူ ဖုန်ကထူတဲ့ဒေသကို အပူကြောင့်ကလွဲရင် မြတ်နိုးမိပါရဲ့…။
မြန်မာတို့ရဲ့ မန္တလေး မဟုတ်လားနော်း)

commentinfo By: John Moe Eain at Aug 31, 2010
Comment #3

ဟုတ်တာပေါ့ဗျာ ဒါတော့ထည့်မရေးပါရစေနဲ့
ဖိတ်ခေါ်စာမို့ပါ

commentinfo By: မြူမင်းသွင် at Aug 31, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment