Professional Authors

နီးစပ်မယ့်နေ့

ဝေးခဲ့ရပြီ……….
အခြေအနေတွေမတူကြတဲ့
ကိုယ်တို့ဘ၀တွေကြောင့်
ချစ်လျက်နဲ့ပဲခွဲခဲ့ရပြီ
ဒင်္ဂါးပြားမှာရှိတဲ့ ခေါင်းနဲ့ပန်းဟာ
ကျောချင်းကပ်နေပေမယ့်လည်း
ဘယ်တော့မှမဆုံတွေ့နိုင်သလို
ကိုယ်နဲ့မင်းဟာလည်း
ဆုံတွေ့ဖို့မဖြစ်နိုင်တော့ဘူးလား………♥ ♥ ♥
ရထားသံလမ်းတွေဟာ
နီးကပ်နေပေမယ့်လည်း
ထိကပ်ဖို့မဖြစ်နိုင်ဘူး
သို့ပေမယ့်လည်း
ကမ္ဘာကြီးရဲ့တစ်နေရာရာမှ
သူတို့ဟာထိကပ်သွားနိုင်တယ်……
ပိတောက်ပန်းနဲ့မိုးစက်ပွင့်ဟာ
ချိန်းဆိုထားကြတာမဟုတ်လည်း
တစ်နေ့မှာပြန်ဆုံကြရတာပဲ…..
ကိုယ်နဲ့မင်းဟာလည်း
အခုအချိန်မှဝေးနေပေမယ့်လည်း
နီးစပ်ရမယ့်နေ့ကို စိတ်ရှည်စွာပဲ
ကိုယ်စောင့်မျှော်နေမှာပါ……….
သိပ်သိပ်ချစ်ရတဲ့ ကြင်နာသူရာ………♥ ♥ ♥

In: ကဗျာ Posted By: Date: Aug 28, 2010
Comment #1

ဒင်္ဂါးပြားမှာရှိတဲ့ ခေါင်းနဲ့ပန်းဟာ
ကျောချင်းကပ်နေပေမယ့်လည်း
ဘယ်တော့မှမဆုံတွေ့နိုင်သလို
ကိုယ်နဲ့မင်းဟာလည်း
ဆုံတွေ့ဖို့မဖြစ်နိုင်တော့ဘူးလား…

commentinfo By: အသဲကွဲမိုး at Oct 13, 2010
Comment #2

မဖြစ်နိုင်ဘူးလို့ ထင်မိလို့ပါ အသဲကွဲမိုး…………….

commentinfo By: Gipsy Lay at Jan 29, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment