မျက်ရည်မြစ်
(၁)
အဆင်တန်ဆာတွေ မရှိတဲ့
အရင်တခါက မင်းရောက်ဖူးတဲ့
ကိုယ့်နေရာကို
မင်း မ၀င်ရဲတာ
ကိုယ် အပြစ်မဆိုပါဘူး
အကြင်နာတွေ မရှိတဲ့
အရင်တခါက ကိုယ်ရောက်ဖူးတဲ့
မင်းနှလုံးသားကို
ကိုယ်လွမ်းဆွတ်မိတာ
မင်း အပြစ်မယူလိုက်ပါနဲ့
(၂)
ဗလာနဲ့သုည ဘ၀မှာ
ဂုဏ်သိက္ခာတခုကို
မင်းရွေးချယ်လိုက်တာ
မင်းဘ၀တွက်မို့
ကိုယ်မငိုရက်ခဲ့ပါဘူး………
အတ္တနဲ့ မာနတွေနဲ့ ဘ၀တခုနကို
ပေးဆပ်မှုတခုနဲ့
မင်းရဲ့ အဝေးကို ကိုယ်ထွက်ခွာရတာ
ကိုယ့်ဘ၀တွက်
ကိုယ်…………………………
(၃)
ချစ်သူရေ……..
မျက်ရည်မြစ်တွေ
တသွင်သွင်စီးနေတဲ့
နှလုံးသားတခုကို
အစိမ်းလတ်လတ်
မြေမြူပ်လိုက်ခဲ့ရတဲ့ အကြောင်း
ဒဏ္ဍာရီ မဆန်ခဲ့ရင်တောင်
ပုံပြင်တပုဒ်အဖြစ် လူတွေ
ပြောဖြစ်ကြလိမ့်မယ်ဆိုတာ
………………………..
………………………….
……………………
……………………
Comment #4
i like both title & poem
By: ei lay at Feb 13, 2013
Comment #5
ချစ်ရသူရေ
လွှမ်းလွန်းလို့ ငိုနေရပြီ
By: ei lay at Feb 21, 2013
Comment #6
ံလုံးဝမတရားဘူး
မြစ် ကြီးဖြစ်လောက်အောင်ငိုနေခဲ့လည်း အသိအမှတ်ပြုမခံရပါဘူး
သေလောက်အောင်လွမ်းနေလည်း တန်ဖိုးထားမခံရပါဘူး
ကြွေလောက်အောင်ဂရုစိုက်နေလည်း ပြန်ရတာ လျစ်လျူရှုမှု
By: ei lay at Mar 15, 2013




Comment #1
အရမ်းကြိုက်ပါတယ်