Professional Authors

ယနေ့ ရာသီဥတု

 

ငါ က မိုး ကောင်းကင် ရဲ့

သမီးတော်။

ဝမ်းနည်းမှုတွေရှိတိုင်း

အမိကောင်းကင်ကို

မော့မော့ကြည့်တယ်။

နာကြည်းမှုတွေရှိတိုင်း

မြေကြီးကိုဆောင့်ဆောင့်နင်းတယ်။

ရိုးသားမှုကို ကိုကားရင်း

ဘ၀ ကို စိတ်ကူးယဉ်ဖူးတယ်။

မာန ကို ထိရင်

အပြုံးမပျက်အောင်နေတယ်။

သူ ပျော်ရင် ပြီးတာပါပဲ။

ခံစားချက်ဆိုတာ

နောက်ဆုံးတော့

ဘာဖြစ်မလဲ

ဘယ်သူသိမလဲ။

တစ်ခါတစ်လေတော့လည်း

ကောင်းကင်ဆီဘဲ ပြန်သွားချင်တယ်။

အသက်ရှုသံတွေရပ်ချင်တယ်။

စက်ဝန်းတွေဖြတ်ချင်တယ်။

ငိုသံတွေတိတ်ချင်တယ်။

လိပ်ပြာလည်းသန့်ချင်တယ်။

ခုဘ၀တော့ ရူးတာဘဲ ကောင်းပါတယ်။

Leave Comments

Name*

Email*
Website
Email me whenever there is new comment