Professional Authors

လမ်း အို

အတွေးတွေဟာ ဆွတ်ပြန့်ဖွယ်ကောင်းတယ်

အတူလျှောက်ခဲ့တဲ့လမ်းဟာ အရောင်မဲ့နေတယ်

မြေသင်းနံ့ဟာ ရှင်ရှိတုံးကလိုဘဲ

 ဘယ်သူကထင်ပါ့မလဲ ဒီလမ်းဟာကြေကွဲစရာတွေယူလာမယ့့်လို့

မျက်လုံး၊ အပြုံး၊ အနမ်း၊ အသံတွေနဲ့လည့်စားခြင်းပြုခဲ့တဲ့လမ်း

ဆန့်ကျင်ဘက်လူနှစ်ဦးလျှောက်ခဲ့တဲ့လမ်းမှာ

ဆန့်ကျင်ဘက်အရာတိုင်းကိုတချိန်တည်းခံစားစေတယ်

နွေးထွေးမှု စိုးရွံမှု

ချစ်ခြင်းမေတ္တာ ဉပေက္ခာ

ခရေပန်းတွေကြွေတဲ့လမ်း

သစ်ရွက် ကြွေ

သူမျက်လုံးအညို

 ပြုစားခံရတယ်

သူ့အချစ်တွေကနေ      ရုန်းမထွက်နိုင်ဘူး

ဒီလမ်းဟာ နှစ်ယောက်တည်:ကမ္ဘာ

အိပ်မက်ဟောင်းနဲ့ အချစ်တွေမွေးဖွားရာ

ဘဝရဲ့လွတ်မြောက်ရာ

ဒီလမ်းမှာရှင့်အချစ်တွေကိုခံစားနိုင်တယ် ရှင့်ကိုပိုင်ဆိုင်နိုင်တယ်

ကျမရဲ့လမ်းပါ

အိုဟောင်းနေတယ်

In: ကဗျာ Posted By: Date: Apr 28, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment