Professional Authors

လှပ်ပြမိသူ

မွန်းကျပ်မှု့ နဲ့ 
စိတ်တစ်ခုကို
အီကွေတာဟိုးဘက်အစွန်းမှာချိတ်ဆက်
မနိုင်ဝန်တွေထမ်းပိုထားတဲ့ 
နှလုံးသားကိုခပ်နာနာ
ရိုက်ခတ်ခဲ့ သူကိုမှ
လွမ်းချင်းတွေအများကြီးနဲ့ 
တခမ်းတနားလွမ်းရဲသူမို
ငါ့ ကိုအမှတ်မရှိသူလို့ ထင်မယ်
တစ်ကယ်ကအမှတ်တင်မဟုတ်ဘူး
ဒဏ်ရာဒဏ်ချက်တွေတောင်
အသမာတက်နေလောက်တဲ့ 
ငါ့ ရင်…………………မင်းမမြင်သေးလို့ ပါ
လူတွေမလိုချင်တာကို
ငါလဲမလိုချင်ဘူး
ဒါပေမဲ့ ငါရခဲ့ တော့ လဲ
မင်းပေးတဲ့ အကောင်းဆုံးဆုပေါ့ ။
ဒီလိုဖြေသိမ့် ပြီးသိမ်းထားတဲ့ 
မင်းအမုန်းတွေ
ငါ့ ဒဏ္ဍာရီမှာခြေချင်းထပ်နေပြီ
ခဏလေးတောင်
လှည့် မကြည့် သူရေ………..
……………………………….
                                   မင်းလူန

In: ကဗျာ Posted By: Date: Aug 23, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment