Professional Authors

ရှင် နဲ့ ကျွန်မ

ရှင်နဲ့ကျွန်မ
မြင်ခဲ့ရတာလည်းမဟုတ်
ခင်ခဲ့ကြတာ အစွဲလုပ်ပြီး
ဒါကိုပဲ “အချစ်” လို့
သမုတ်တော့မလား
ယုတ်လျော့မသွားပေမယ့်
“မဟုတ်ရော့လား” လို့ မေးရင်
ကျွန်မ “မဖြေချင်ပါ”
ရစေချင်တာ မေတ္တာစစ်မို့
ချစ်တာအပြစ်လို့ ဆိုချင်နေမလား
….. ကိုယ့်လူရယ် …..
နဂိုအရင် အနေအထားဘ၀နဲ့
နေသားတကျ ခင်နေကြတာ
အကောင်းသားနဲ့များ
စောင်းပါးရိပ်ခြေ စကားတွေပြ
ကြားလေက ဖန်ဖန်သွေးပြန်တော့
ကြံဖန်တွေးရင် စိတ်ပျော်ရွှင်
အရိပ်ပေါ်ထင် အကောင်ပြခါမှ
….. ကျွန်မမှာတော့လေ …..
စိတ်မှော်ဝင် အမှောင်ကျရတယ်
နောင်တလေးတော့ ဖြစ်ချင်ချင်
အနှစ်ပယ်နှင်တဲ့ သူ့စကားများ
အပြစ်ရယ်မမြင်ဘဲ အမှုထားကာဖြင့်
နေသားမကျ ထွေပြားရတဲ့
….. ကျွန်မဖြစ်ပုံ …..
ညဉ့်ကုန်သာသွားရော
ရှင့်ပုံလွှာကြားကမထွက်
အဖျားအနားခတ်တဲ့
အတွေးကမ္ဘာထဲမှာ ချာချာလည်မူး
မညှာတာတတ်ဖူးသော
ရှင့်တစ်ယောက်အတွက်နဲ့
စာနာတတ်ဖူးသော ကျွန်မသာပင်
အရူးဖြစ်ရပါတော့မယ်ရှင်
In: ကဗျာ Posted By: Date: Aug 22, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment