အမည်မသိတဲ့ အရှုံး
ညီညာစွာ စိုက်ပျိုးထားတဲ့
မြို့ပြရဲ့ ညတွေက
ဝါကျင့်ကျင့် မီးတိုင်တွေ နဲ့ အတူ
အရာအားလုံးကို အရှုံးပေးထားတဲ့ လူတစ်ယောက်
ဒီကမ္ဘာပေါ် လမ်းလျှောက်ထွက်ခဲ့လေရဲ့
အော် အပြာရောင်သမ်းနေတဲ့ ကောင်ကင်ကြီးရယ်
ငါ့ကို မပြစ်မမြင်ပါနဲ့နော်
မင်းရဲ့ မျက်ရည်တွေ မကျပေးမယ့်
ငါ့ရဲ့ ရင်ဘတ်ထဲမှာ သွေးတွေကျဆင်း
ငါ့မျက်ဝန်းတွေမှာ မျက်ရည်တွေ
စီးဆင်းနေပေါ့ ( သို့ပေမယ့်)
ခြေလှမ်းတွေက တော့ နောက်မဆုတ်ပါဘူး
အားလုံးနဲ့ဝေးတဲ့ နေရာတစ်ခု
ဒါမှမဟုတ်
ငါ့အတွက် အေးချမ်းမယ့် နယ်မြေတစ်ခု
အဲ့ဒီကို ရောက်အောင်
ငါ့နုလုံးသားကို ချနှင်း
ငါ့လေ တစ်ယောက်ထဲ
ဒီလမ်းတွေပေါ်မှာ လျှောက်ဆဲ့ပေါ့
(အရမ်းချစ်ခဲ့ရတဲ့ ကောင်းမလေး တစ်ယောက်အတွက်)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service