Professional Authors

ခါးသက်ခြင်း

အချိုကနည်းနည်း
အခါးက များများ
အထီးကျန် ကော်ဖီတစ်ခွက်က
လွမ်းစရာတော့ ကောင်းတယ် ..

သံသယတွေ
တစ်ပွေ့တစ်ပိုက်နှင့်
ဘ၀ကိုရင်ဆိုင်တတ်လာတာ

ခပ်ထွေထွေ အတွေးတွေနှင့်
နေတတ်လာတာ
သံသရာရှည်ကြာသရွေ့တော့
နွေတစ်ရာလို ပူပြင်းနေလိမ့်မယု

အခုတော့လည်း
အရာရာကို ခပ်လွယ်လွယ် အရှုံးပေးလို့
ပထမ ဆိုတာကိုလည်း
မမျှော်မှန်းရဲတော့ …

In: ကဗျာ Posted By: Date: Aug 17, 2010
Comment #1

good poem.you simply show your feeling and imagination.

commentinfo By: lighthunter at Dec 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment