Professional Authors

ကာရံယိုင်နေတဲ့ စကားလုံးများ……..

တိုက်ဆိုင်မှုတိုင်းမှာ အမှတ်ရပေးပါလို့…..မပြောခဲ့ဘူးနော်
မင်း အမှတ်ရနေမှာကို ယုံကြည်နေလို့ပဲ။

သစ္စာရှိစတမ်းလို့ ငါမကြွေးကြော်ပါဘူး…..
မင်းကို ထိခိုက်မှာကို မလိုလားသူက ငါလေ။

မဆုံနိုင်ကြပေမယ့်..ဝေးကွာခဲ့ပီလို့ ငါမသတ်မှတ်ခဲ့ပါဘူး….
လေထုထဲမှာ ငါတို့ ၂ ယောက်ရဲ့ ပုံရိပ်တွေရှိတယ်လေ။

အချစ်စစ်မှာ ဖြောင့်ဖြူးမှုမရှိဘူးတဲ့…..
နင် နဲ့ ငါ အတွက်ကတော့
အခြေအနေက သတ်မှတ်တဲ့ ဖြောင့်ဖြူးခြင်း နိယာမ ၁ ခုပေါ့။

အရာအားလုံးကတော့ ဘိုနေမြဲကျားနေမြဲပေါ့…..
အရင်လိုတော့ ပြန်အဖြစ်ခဲ့ကြဘူးလေ။

အချစ်ဆိုတာ တကယ်တော့သတ်မှတ်ချက်တစ်ခုပဲလေ…
ငါ ကိုယ်တိုင်သတ်မှတ်ခဲ့တဲ့ အချစ်က
ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ မင်းဖြစ်နေတယ်လေ။

တချို့က အချိန်ကာလနဲ့တိုင်းတာကြတယ်…
တချို့က ခံစားမှုနဲ့တိုင်းတာကြတယ်…
ငါကတော့ ရိုးသားဖြူစင်မှုနဲ့ပဲတိုင်းခဲ့တယ်…
နင် နဲ့ ငါ ဝေးသွားပေမယ့်……
ငါ့ရဲ့ ရိုးသားမှုတွေက နင်နဲ့အတူရှင်သန်နေတယ်လေ။

ဆိုရိုးကားတွေ ရှိခဲ့တယ်….အချစ်ကြီးသူက အရှုံးတဲ့
ငါ့အတွက်တော့ အချစ်ကြီးခဲ့တာမဟုတ်ဘူး….
ငါ စစ်မှန်မှူကို ငါကိုယ်ရှာဖွေတွေ့ရှိခဲ့တာ
အနိုင်ဆိုတာ မရှိသလို…အရှုံးဆိုတာလည်း မဖြစ်ခဲ့ဘူး။

လေးစားမှုတွေ ပါတဲ့ငါ့အချစ်ကို
ပျက်ပြယ်သွားမှာ မလိုလားတဲ့စိတ်နဲ့
ငါကိုယ်ငါ နင်နဲ့ပတ်သက်ဖူးခဲ့သမျှကို အေးစက်စေခဲ့တယ်။

နင်နဲ့ပတ်သက်လို့ ငါ ပေါင်းစပ်ခွင့်ကိုလည်း မတမ်းတခဲ့သလို
ပေါင်းစည်းဖို့လည်း မမျှော်လင့်ဘူး……….
ငါတို့…..အတူရှင်သန်နေကြတယ်လေ။
(၁၆-၈-၂ဝ၁ဝ)

In: ကဗျာ Posted By: Date: Aug 16, 2010
Comment #1

aww,,
d lo g koe

commentinfo By: ei lay at Feb 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment