Professional Authors

အလင်းပိတ်ကဗျာ

အလင်းပိတ်ကဗျာ

တစ်ခြားလူတွေရေးသလို ငါလိုက်ရေးကြည့်မယ်
ငါ့ကောင်မလေးကို သ၀န်တိုတဲ့စိတ်နဲ့
ဒီကဗျာ စတယ်
ဆိုပါတော့
ဖျတ်ဖျတ်လူးစေမယ့် နမိတ်ပုံတွေ
ဘယ်မှာလဲ၊ဘယ်သူ့မှာရှိလဲ
နေမြဲ မင်းဆီမှာရှိလား
ငါ့ ခဏငှား
ဒါမှမဟုတ် အပိုင်ပေး
တွေး
တွေးလေ ဝေးလေပဲ
ဟော ပြောရင်းဆိုရင်း
အာရုံလေးတစ်ခုပေါ်လာ
အမိအရဖမ်းကြစမ်းပါဟ
ပျောက်သွားပြန်ပြီလား
ငါတူးထားသမျှနဲ့ ငါ့ကိုပြန်ဖို့လိုက်တော့
ဒီကဗျာ ၀ါးလုံးခေါင်းထဲမှာတောင် လမသာဘူးဆိုတော့။
In: ကဗျာ Posted By: Date: Aug 15, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment