Professional Authors

အိမ်ပြန်ချိန် – နရီထက်

မျှော်နေတယ် ပြန်မယ့်ရက်ကလေးတွေ
လက်ချိုးရည်ခဲ့ကာနေခဲ့တယ်
ရွက်စုတ်ပြက္ခဒိန်လည်း ရွက်ကျန်တွေ
ကျန်သေးရဲ့ထင်
မြန်လိုတဲ့စိတ်ဇောက ငါကို ညာနေစေခဲ့

အိမ်ကိုပြန်ခဲ့ချင်တယ်
ဒါပေမဲ့ ငါမှာလေး ချိနဲ့တဲ့ အားနဲ့ပေါ့
အသပြာထောင်သောင်း အိမ်မက်ကောင်းလား
ငါ့နိုးထမိစေခဲ့ချင်
လက်ထဲမှာ ကျစ်ကျစ်ပါတာက
ပျော့နွဲနေတဲ့ ခွန်အားတွေ
ပိုဆောင်းလို့ မျက်ရည်ကလည်း
လည်ရှာလိုက်သေး
သည်ရင်ဘက်က တစ်ချက်တစ်ချက်ညည်းသံကို
ငါ ကြားလိုက်ရသေး
အိမ်ပြန်လို့မဖြစ်သေး. . .

ငါ လွမ်းမိနေတယ်
ကြိုးစား သူငယ် ဒီတစ်ပွဲမှာ
ရှုံးနိမ့်ခဲ့တော့ လောကဓံက
ငါကို ရှုံးတာတောင်
ငါ ကျေနပ်အောင်
နှစ်သိမ့်ဆုလေး ချီးမြှင့်ခဲ့တယ်
နှစ်သိမ့်ဆုဆိုတာ ငါအဖို့
အမှန်တကယ် အသေအချာ
အရှုံးဆုပေါ့
ငါ့ ရင်မှာ အတင်းပိုက်ခဲ့တယ်လေး
ငါ စိတ်ဓာတ်တွေ ခိုင်ခိုင်လေးလား
ယိုင်ယိုင်လေးလား
ငါ ကိုယ် ငါ မသိနိုင်တော့တဲ့အချိန်မှာလေး
ငါ မပြောထွက်တဲ့ စကားက
အမေ သား အဆင်မပြေဘူး
အမေ သား နေမကောင်းဘူး
အမေ သား ငိုမနေပါဘူး
ဒီစကားကို လိမ်ညာဖို့
ငါ့လည်ချောင်းမှာ ဆို့နစ်ပြီး
အက်ကွဲတဲ့အသံနှင့်
အမေကို ဖုန်းဆက်တိုင်း
ငါ ညာနေမိတယ်. . .။    ။

နရီထက်
( ၁၅ ၊ သြဂုတ်လ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Aug 15, 2010
Comment #1

ပြိုပါနဲ့ မိုးရယ်လို့
မိုးရေထဲမှာရောက်နေတာတောင်
တမ်းတနေမိတာ ဘ၀တဲ့…။

commentinfo By: John Moe Eain at Aug 15, 2010
Comment #2

အားတင်းထား
ကံ အလှည့် အပြောင်း အကောင်းဘက် ယိမ်းလာချိန်ကို အမိဖမ်းလို့ အောင်မြင်မှူလမ်းဆီ

commentinfo By: hnin at Aug 15, 2010
Comment #3

သည် ကဗျာသည် မလေးရှားနိုင်ငံတွင် ထုတ်ဝေသော လင်းယုန်ဂျာနယ် ဒီဇင်ဘာလထုတ် 2010 တွင် ဖော်ပြခြင်းခံရသည်။

commentinfo By: Nayihtet at Feb 19, 2011
Comment #4

ိအိမ်လွမ်းနေသူအတွက် တကယ်ကိုခံစားရပါတယ် ကိုနရိထက်ရေ

commentinfo By:ူlaypyae at Feb 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment