Professional Authors

ဆုတောင်းမကောင်းခဲ့တဲ့ … … ချာတိတ်

ကြယ်တွေကြွေတဲ့တောမှာ မွေးခဲ့တာပါ                                             
ငါပိုင်တာ ဆုတောင်းတွေပဲ ရှိတယ် 
နင့်ရင်ထဲက နေတစ်စင်းကို ငါ့သွေးနဲ့ ဆေးမယ်
နင့်ဘ၀စာမျက်နှာသစ်ကို ငါ့ချွေးနဲ့ ရေးမယ်
နတ်ဘုရားတော့ မဟုတ်ပါဘူး
ဒါပေမယ့် … ငါ့လက်မှာ ခွန်အားတွေ ပေနေတယ်
လမ်းဆိုးနဲ့ လမ်းကောင်းဆို
မင်းကို လမ်းကောင်းကပဲ ရွေးလျှောက်စေမယ့် ငါပါ
ဒါပေမယ့် ငါက ဒုတိယ လူလေ
အဲဒိသူ ကို မင်း နမ်း မယ် ဆိုရင်တောင်
အဆိပ်တွေ ပေနေလိမ့်မယ်
ငါ ဆိုတဲ့ကောင်ကလဲ အဲဒိ အဆိပ် တွေ နဲ့ ပဲ နေချင် ခဲ့ မိတာပါ
အပြုံးနဲ့ ဆေးခပ် ၊
အဲဒိ မာယာ စကားအထပ်ထပ် မှာ ငါ့ အတွက်နေရာ ကို လိုက်ရှာခဲ့မိ
သိပ်လောဘ မကြီး ပါဘူး ချစ်သူ
နောက်ဆုံးဆိုတဲ့ အချိန်လေးတိုင်း ပိုင်ဆိုင်ခွင့်ရရင်
တင်းတိမ်နိုင်ပါရဲ့ …………….. ၊
ကို  လို့သာအော်ခေါ်လိုက်ပါ ကွာ
သေခါနီးအသက် ငွေ့ငွေ့လေးကျန်ရင်တောင် ငေါက်ခနဲ ထပြီး မင်း စီ အပြေးလာမယ့် ကောင်ပါ ….
ဟောဒိကောင်လေ …………….
ကြယ်တွေကြွေတဲ့ တောမှာ မွေးခဲ့ ရသူပါ သူပိုင်တာ ဆုတောင်းတွေပဲ ရှိတယ် ……………………

 

                                                                                                          k
                                                                                ( ဘ၀ခြားလည်း ချစ်မယ့်သူ )


In: ကဗျာ Posted By: Date: Aug 14, 2010
Comment #1

ဒီကဗျာက ခံစားချက်နဲ့ တိုက်ဆိုင်တယ်….ချာတိတ် ဆိုတာလေးက venus အရမ်းနှစ်သက်တဲ့ စကားလုံးလေးဖြစ်နေတယ်လေ….

commentinfo By: venusflytrap at Aug 15, 2010
Comment #2

မှတ်မိပါသေးတယ်………..အဲဒါဆွေဆွေနဲ့ပေါ့……………တစ်ချိန်က….အအေးဆိုင်မှာပေါ့

commentinfo By: khant naung at Jun 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment