Professional Authors

အသံမဲ့ကာရံများ

 

အဿဟြ

အညှိတွေနဲ့သူ့နှလုံးသားမှာ

ငါ့ကိုယ်ငါလည်းစတေးဖြစ်တယ်

 

တွန့်ခေါက်တောင်တန်းလို

သူမအပြုံး

ငါ့ကောင်းကင်ကိုစိမ်းစိုအုပ်မိုးတယ်

 

အရိပ်မဲ့သစ်ပင်

အကြင်နာမဲ့သီချင်း

ငါ့အချစ်ကိုလည်းသူနင်းချေခဲ့

 

အပြစ်မဲ့ကံကြမ္မာ

လူ၏ဖန်တီးမှုမှာ

မသာမယာကျကွဲ 

 

အိပ်မက်တစ်ရာ

ငါကတစ်ယောက်

ဒီဘဝမှာ

လုံလောက်ရဲ့လား

 

ချင့်ချိန်ထောက်စရင်

လူ့အလိုမှနတ်မလိုက်နိုင်

ကိုယ့်ကိုယ်ကိုယ်မှမရေတွက်နိုင်ခင်

ငါတို့ရဲ့ညကပျောက်ကွယ်သွားမှာ

 

လူဆိုတာက

        နတ်အိပ်မက်ပဲ……..

 

In: ကဗျာ Posted By: Date: Aug 13, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment