Professional Authors

ဆုတောင်း

 

 ကောင်းကင်ပေါ်မှာလတစ်စင်း

သူ့အလင်းစက်လက် ယိုဖိတ်နေတော့

ငါ့စိတ်နဲ့ငါ

အိမ်ခေါင်အထက်လွန်ပြီး

မိုက်တိမိုက်ကန်း

အလွမ်းကြမ်းကြမ်းတွေနဲ့မောပန်းနေတယ်။

 

လရောင်ဆိုတာအေးမြခြင်းလား??

အလင်းပေးသူလား??

အိပ်မက်ဖန်ဆင်းသူလား?????

 

ကြယ်ကြွေရင်ဆုတောင်းပါ

ချစ်သူရဲ့စကား

အဲ့ဒီတောင်းဆုပြည့်မယ်ဆို

 

ကြယ်ကလေးတွေရဲ့အစွမ်းအစနဲ့

ငါ့ကိုအိမ်ပြန်ပို့ပေးမလား……….။

In: ကဗျာ Posted By: Date: Aug 13, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment