Professional Authors

“ရင်ထဲကကျောက်စာ”

 

  • ဘယ်လိုနည်းနဲ့မှ
  • အပြစ်မတင်ရက်ပါဘူး
  • ရရှိခဲ့ဖူးတဲ့ချစ်ခြင်းတစ်ခုကို
  • တစိမ့်စိမ့်တွေး
  • တရေးရေးသတိရရုံနဲ့
  • ရောင့်ရဲတင်းတိမ်နိုင်ခဲ့ပါပြီ ။
  • အရာအားလုံး
  • အမြင့်ဆုံးနဲ့အပြည့်ဆုံးရမှသာ
  • ကျေနပ်နှစ်သိပ်စွာ ကြိုးစားဖူးသူက
  • အခုတော့ သက်ပြင်းမောအထပ်ထပ်နဲ့
  • အလွမ်းတောထဲမှာ အိပ်မွေ့ ချ
  • ဘယ်တော့မှာ နိုးထဖို့စိတ်မကူး
  • ရူးတယ်လို့ ဆိုချင်ဆိုကြစမ်းပါစေ
  • ချစ်သူရေ …..
  • ပျော်ရွှင်မယ်ဆိုရင်
  • နှုတ်ဆိတ်စွာ
  • ကျေနပ်လို့ရရဲ့ 
  • ဝေချင်သမျှဝေစေကွယ်
  • ကြုံဆုံခဲ့ဖူးတဲ့
  • အိပ်မက်တစ်ခုကို ရွှေချရင်း
  • မြတ်နိုးစွာ တက်မက်ခဲ့သူပေါ့
  • ဟိုး ယခင်အရင်တိုင်းပါပဲ
  • တုနှိုင်းမဲ့စွာ ချစ်ဆဲပါ
  • ရင်ထဲအမြဲသတိရဆဲပါ ။

                                          (ရင်တွင်း၌ဖြစ်တည်သည်။)

                             http://soelayy.multiply.com/journal/item/20/20

 

In: ကဗျာ Posted By: Date: Aug 11, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment