Professional Authors

သို့……………. ချစ်ဖူးသူ

သို့
    ချစ်ဖူးသူ
    သနားသောအားဖြင့်
    မေးခွန်းတစ်ခု မေးခွင့်ပြုပါ

   အသည်းနင့်အောင် ချစ်ခဲ့ပြီးမှ
   မေ့လိုက်ပါဆိုတဲ့ စကားတစ်ခွန်းနဲ့ပဲ
   အလွယ်တကူ မေ့လို့ရနိုင်ပါ့မလား

   တစ်ဘ၀လုံးအတွက် ရည်စူးပြီး
   မိသားစု ၊ အသိုင်းအ၀ိုင်းနဲ့ 
   အတိုက်အခံလုပ်ပြီး ချစ်ခဲ့ပြီးမှ
   မေ့ခိုင်းတာရော တရားပါရဲ့လား
   ချစ်သူ……….. ကိုယ်ချင်းစာစိတ်လေးများ
   ထားပေးပါ့လား

   ချစ်သူ………..
   နှလုံးသားဆိုတာ ချစ်ခိုင်းတိုင်း ချစ်လို့ရပြီး
   မုန်းခိုင်းတိုင်းရော မုန်းလို့ရလား
   အခွင့်သင့်ရင်
   မင်းနှလုံးသားကို မေးကြည့်ချင်ပါသေးရဲ့

   ချစ်သူ…………..
   လက်တွဲဖော်အဖြစ် ချစ်သူတစ်ယောက်
   ရှိခဲ့ပြီးမှ
   အခြားတစ်ယောက် ပြောင်းချစ်လို့ရော
   ရခဲ့ပါသလား ချစ်သူရယ်……….
   အခွင့်ကြုံရင် မေးချင်ပါတယ်
   ဘယ်သူကို အချစ်စစ်နဲ့
   ချစ်ခဲ့တာပါလဲ

   ချစ်သူ…………….
   မင်းဖောက်ခဲ့တဲ့လမ်းမှာ
   မင်းပြခဲ့တဲ့လမ်းအတိုင်း
   ဝေဒနာတွေ၊ နာကျင်မှုတွေ တစ်ပွေ့တစ်ပိုက်နဲ့
   လျှောက်လှမ်းနေတဲ့
   တစ်ချိန်က မင်းချစ်ခဲ့ဖူးသူတစ်ယောက်
   ရှိနေသေးတယ်ဆိုတာ
   မင်းသတိတောင်ရသေးရဲ့လား 
   ချစ်သူရယ်……………
  

In: ကဗျာ Posted By: Date: Oct 4, 2010
Comment #1

ခံစားမှုတိုက်ဆိုင်လို့ အရမ်းကြိုက်တယ်

commentinfo By: moezat at Oct 5, 2010
Comment #2

ချစ်သူ…………….
မင်းဖောက်ခဲ့တဲ့လမ်းမှာ
မင်းပြခဲ့တဲ့လမ်းအတိုင်း
ဝေဒနာတွေ၊ နာကျင်မှုတွေ တစ်ပွေ့တစ်ပိုက်နဲ့
လျှောက်လှမ်းနေတဲ့
တစ်ချိန်က မင်းချစ်ခဲ့ဖူးသူတစ်ယောက်
ရှိနေသေးတယ်ဆိုတာ
မင်းသတိတောင်ရသေးရဲ့လား
ချစ်သူရယ်……………

commentinfo By: အသဲကွဲမိုး at Jan 10, 2011
Comment #3

အစ်မရဲ့စာသားတွေကတကယ်ကောင်းတယ် အရိုးတောင်စွဲလောက်တယ် နောက်လည်း
ခံစားချက်ပြင်းပြင်းလေးတွေရေးနော် များများရေးလာတဲ့အခါကျရင်စာရေးဆရာမတစ်
ယောက်ဖြစ်လာမယ်လို့ယုံကြည်တယ် မမရဲခံစားချက်ကိုအမြဲဖော်ပြပါနော်
အမြဲတမ်းအားပေးမဲ့ ငြိမ်းငြိမ်း

commentinfo By: nyeinnyein at Mar 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment