Professional Authors

ပျိုးမဲ့ပန်း

ချစ်သူ့ရင်ခွင်မှာ ကိုယ့်ပွင့်ချပ်ကိုယ်
နင်းခြွေပစ်လိုက်ရတာလည်း
ပေးဆပ်ခြင်းပဲမလား
ထီးမိုးတဲ့လက်တစ်စုံပျောက်ရှသွားမှ
ပြန်လာခဲ့မယ်လို့မပြောလိုက်ဘူး…။

ချစ်သူရဲ့သူရဲကောင်းမဖြစ်မှာကြောက်လို့
စံနှုန်းတွေမပြည့်လည်းဘာဖြစ်သေးလဲ
ဘုရားသခင်ရဲ့လက်အစုံမှာ
ပျော်ပိုက်ရဲတယ်…။

မလှမ်းရခြင်းအကြောင်းတရားမှာ
ရပ်တန့်ရခြင်းအကျိုးတရား
စောင့်နေမယ်လို့ မပြောတတ်တဲ့အချိန်နဲ့ဒီရေ
စစ်တုရင်ခုံလောက်တောင်စိတ်မရှည်ဘူးလား…။

ဆွဲလှန်ခံရတဲ့ ငါ့ရာသီဥတု
ခေါင်းပါးလွန်းတယ်
ပတ်စာမကပ်ခဲ့တဲ့… ဒီဗုံ
မိုးရွာပါလို့ မပြောတတ်ဘူး
ငါ့တစ်ဆောင်းလုံးမှာ
နှင်းခွဲနေခြည်တောင်ရောက်မလာဘူး
ကူကယ်ရာမဲ့ဘ၀မှာလည်း
မိုးတစ်ဖြိုက်နှစ်ဖြိုက်နဲ့ ရှင်သန်ဆဲ
သူ့အကြည့်နက်နက်အောက်မှာ
ချောက်ထဲကိုလည်း ကျရဲတယ်…။

ဇင်သော့

In: ကဗျာ Posted By: Date: Aug 9, 2010
Comment #1

အောက်မျက်လေး ချောက်ထဲကိုတောင် ဒိုင်ဗင်ထိုးဆင်းဆို ဆင်းမဲ့ ဟာမျိုးလား .. အာဂ ပဲ ဘာအာဂတော့ သေချာ မသိဘူး …

commentinfo By: barnay at Aug 9, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment