Professional Authors

လွမ်း……………..(၁) မင်းလူန

လွမ်းတယ်
တခါလွမ်းတိုင်း
တိုက်ပွဲတစ်ပွဲရှုံးခဲ့ တဲ့ 
စစ်သူကြီးလို
နာကျင်မိတယ်
ဘုံပျောက်တဲ့ 
ရုက္ခစိုးတစ်ကောင်လို
ယောင်ချာချာဖြစ်တယ်
သောင်ပြင်ကို
ကိုယ့် သဘောနဲ့ ကိုယ်
ပြေးတက်ခဲ့ သူလို့ 
နောင်တတော့ ရချင်သား
ခုဆို
ကိန္နရီနဲ့ ကိန္နရာ
နှစ်ယောက်လုံးရဲ့ 
အလွမ်းတွေပေါင်းပြီး
လာပြိုင်ပါလို့ 
စိန်ခေါ်မှု့ တောင်လုပ်ပစ်လိုက်လို့ 
ရနေပြီ
ငါ့ ရင်ဘတ်ကို
လာကြည့် စမ်းပါ
အလွမ်းလှိုင်းတွေက
ဆူနာမီရေလှိုင်းထက်ဆယ်ဆ
တလိပ်လိပ်တက်လာကြတိုင်းလဲ
ပျက်စီးဆုံးရှုံးသွားတဲ့ 
ဆုံးရှုံးမှု့ က
ကမ္ဘာဆယ်ခုပြန်ဝယ်ပစ်လို့ ရတယ်
လူကိုနှလုံသားနဲ့ တည်ဆောက်ဖို့ 
ဘယ်သူတွေတီထွင်လိုက်သလဲ
ဓာတုပစ္စည်းတစ်ခုခုကြောင့်
ငါ့ ခန္ဒာပျက်ရမယ်ဆိုရင်
အဲ့ ဒီအလွမ်းတွေကိုအရင်တိုက်စားပေးပါ
ငါ့ ကိုယ်မှာ
ပူးကပ်နေတဲ့ 
ဝိညာဉ်သာတစ်ခုထက်ပိုပြီး
စပယ်ယာပက်ပါတယ်ဆို
လွမ်းတက်တဲ့ ဝိညာဉ်တိုင်း
ဒဏ်ကြီးကြီးခက်တယ်
ခုတော့ အလွမ်းကြီးကြီးနဲ့ 

ငါကိုယ်ပူလောင်နေစေတယ်

 

ခံစားမှု့ ရသမှာအလွမ်းနဲ့ အထီးကျန်ခြင်း
အချစ်ကအသက်ရှိနေမယ်ဆို
တစိုက်မက်မက်
လွင့် ပစ်မိမှာ
ခုတော့ သူတို့ လဲ
အချစ်ကပိုပုံဖော်ကြတော့ 
မလိုချင်လဲ
လွမ်းနေရတယ်
……………..
လွမ်းတယ်
တစ်ခါလွမ်းတိုင်း
အဓိပ္ပါယ်ပေါင်းစံနဲ့ 
ကဗျာတစ်ပုဒ်ထွက်ကျလို့ 
ငါ့ ဒိုင်ယာရီတောင်
လွမ်းသူ့ မှာတမ်းအဖြစ်ပြောင်းနေပြီ

မင်းလူန

In: ကဗျာ Posted By: Date: Aug 7, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment