Professional Authors

အဖြည့်ခံ

နင့်အတွက် ဆိုရင်လေ
အိပ်မက်စရာ မလိုပါဘူး
အိပ်မက်ထက် ကောင်းတဲ့အရာတွေ
ငါဖန်ဆင်းပေးနိုင်တယ်

နင့်အတွက်ဆိုရင်လေ
ဆုတောင်းစရာမလိုပါဘူး
နင့်ဆုတောင်းတွေထက် သာလွန်အောင်
ငါဖြည့်ဆည်းပေးနိုင်တယ်

နင့်အတွက်ဆိုရင်လေ
မျှော်လင့်စရာမလိုပါဘူး
နင်မျှော်လင့်ဖို့ မလိုအောင်
ငါပြည့်စုံစေနိုင်တယ်

နင့်အတွက်ဆိုရင်လေ
နင်တောင်းဆိုစရာမလိုပါဘူး
နင်ကြောင့်ကျဖို့ မလိုအောင်
ငါ့သစ္စာက ခိုင်မြဲလွန်းပါတယ်

ကြက်ခြေခတ် X

In: ကဗျာ Posted By: Date: Aug 6, 2010
Comment #1

သစ္စာက အပြင်မှာရောတကယ်ခိုင်မြဲလို့လား..ဖြူလေးကတော့ ..ဖြူလေးချစ်သူကို အဲ့လိုသစ္စာခိုင်မြဲစေချင်တယ်…..

commentinfo By: Phyu Lay at Aug 7, 2010
Comment #2

ကဗျာမို့ လို ရေးတာပါ
ပြည့်တဲ့ အိုးက ဘောင်ဘင်မခတ်ဘူး ဖြူလေးရဲ့
တကယ်လုပ်နေတဲ့ လူတွေက မကြေငြာဘူး

commentinfo By: ကြက်ခြေခတ် at Aug 7, 2010
Comment #3

ကြက်ခြေခတ်…
စာလုံးရွေးထားတာအရမ်းကောင်းတယ်… အတွေးကလည်း လှတယ်… ဒါမှ အချစ်စစ်လို့ခေါ်တယ်… ရမ္မက်ကင်းတဲ့ အချစ်ပေါ့… တနည်းပြောရင် ပေးဆပ်တဲ့ အချစ်ပေါ့… ကောင်းပါတယ်…
သူလည်းတနေ့နားလည်လာမှာပါ…

ခင်မင်စွာဖြင့်

commentinfo By: deadxromeo at Aug 7, 2010
Comment #4

romeo ကျေးဇူးတင်ပါတယ်…ငါ့ချစ်သူနဲ့ ငါလဲ အိုကေပါတယ်….ငါ့ကဗျာက လွန်ခဲ့တဲ့ ၁ နှစ် ၂ နှစ်လောက်က ရေးထားတာပါ…ငါ့က ကဗျာဆရာလေ…တစ်ချို့ကဗျာတွေက ငါ့ခံစားချက်…တစ်ချို့က သူများ အတွက် ခံစားပေးတာပေါ့ဟာ…

commentinfo By: ကြက်ခြေခတ် at Aug 8, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment