Professional Authors

ချည်တိုင်

ချည်တိုင်

အသံတိတ် ရွေလျားမှုနဲ့ 
ချဉ်းကပ်လာတဲ့ အမှောင်က
အေးစက်လွန်းတယ်

မျက်စိစုံမှိတ် ယုံကြည်ကိုးစားမှုတွေ
တဆစ်ဆစ် ကိုက်စားတဲ့ အရာတွေက
အင်းဆက်ပိုးမွှားတွေ မဟုတ်ခဲ့ဘူး
ရုတ်တရက် ဖြတ်ဝင်သွားတဲ့ လေပြည်က
အိတ်စ် ရောင်ခြည်ထက်
ဖျက်ဆီးနိုင်စွမ်းအားပိုတယ်

ရက်ပိုင်း နှောင်တွယ်မှု ကြိုး အချို့ နဲ့ 
ကိုယ့် ကိုယ်ကို ပြန်ရှာရင်း
နောက်ဆုံးတော့
ကိုယ်လည်း
စမှတ်ကနေ အကြိမ်ကြိမ် ပြန်စခဲ့ရတာပါပဲလေ..။

                              

                             မိုးအိမ်
In: ကဗျာ Posted By: Date: Aug 6, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment