Professional Authors

ရင်ထဲက ပန်းခရေ

မော့မကြည့်မိဘူး … ။
ကြွေကျလာတဲ့
ပန်းကလေးတွေ
ကောက်ယူပြီး သီခဲ့တာ
ပန်းကုံးတွေ စီလို့ …………… ။

သူများတွေ မနင်းစရဘူး
ကြွေဆင်းသမျှ
သိမ်းထားခဲ့တာ
နှစ်လရှည်ကြာခဲ့ပေါ့ …. ။

ငါ့ရင်မှာတော့
ရနံ့သင်းတယ်
အဆင်းလှတယ်
ငါ့မြေတလင်းမှာ နင့်ကို
ခင်းထားခဲ့ပေမယ့်
ဖြေးညှင်းစွာတောင် မနင်းရက်ခဲ့ပါဘူး .. ။

မြတ်မြတ် နိုးနိုး ပျိုး
ရိုးရိုးသားသား ခိုးချစ်ခဲ့ရတာပါ .. ။

လေညှင်းလေး သယ်ဆောင်ရာ
နင်လွင့်ပါသွားခဲ့ရင်တောင်
မင်းရနံ့လေးတွေ
ငါ့မြေတလင်းမှာ
သင်းပျံ့နေဦးမှာပါ ………… ။

လွမ်းလှိုင်း

In: ကဗျာ Posted By: Date: Aug 4, 2010
Comment #1

ဟာ.. အရမ်းကိုဟပ်ထိတာပဲ ဖတ်မိမှပဲပိးုသတိယမိတယ်
နောက်လည်ရေနိုင်ပါစေ

commentinfo By: songmoezin at Aug 4, 2010
Comment #2

အရမ်းကောင်းတယ်သူငယ်ချင်း။တကယ်ကြိုက်တယ်။ နောင်လဲဆက်ကြိုးစားနော် အားပေးနေတယ်။
“ငါ့ရင်မှာတော့ရနံ့သင်းတယ်
အဆင်းလှတယ်
ငါ့မြေတလင်းမှာ နင့်ကို
ခင်းထားခဲ့ပေမယ့်
ဖြေးညှင်းစွာတောင် မနင်းရက်ခဲ့ပါဘူး .. ။

မြတ်မြတ် နိုးနိုး ပျိုး
ရိုးရိုးသားသား ခိုးချစ်ခဲ့ရတာပါ .. ။ ” အဲဒါလေးတွေ ထိတယ်…။

commentinfo By: naynyo23 at Aug 5, 2010
Comment #3

ဟုတ်ကဲ့ ဆက်ကြိုးစားပါမယ် ဆက်လက်ပီး အားပေးပါ ဦး

ကဗျာလေး ကို အားပေးသွားကြတယ် မဆောင်းမိုးဇင် နဲ့ ကိုနေညိုတို့ကို ကျေးဇူးအထူး ပါ

commentinfo By: lwanhlainge at Aug 28, 2010
Comment #4

ကောင်းလိုက်တာ……..ဘာကြောင့်ဆက်မရေးတာလဲ…

commentinfo By: May Kha at Jul 3, 2011
Comment #5

မော့မကြည့်မိဘူး … ။
ကြွေကျလာတဲ့
ပန်းကလေးတွေ
ကောက်ယူပြီး သီခဲ့တာ
ပန်းကုံးတွေ စီလို့ …………… ။

သူများတွေ မနင်းစရဘူး
ကြွေဆင်းသမျှ
သိမ်းထားခဲ့တာ
နှစ်လရှည်ကြာခဲ့ပေါ့ …. ။

ငါ့ရင်မှာတော့
ရနံ့သင်းတယ်
အဆင်းလှတယ်
ငါ့မြေတလင်းမှာ နင့်ကို
ခင်းထားခဲ့ပေမယ့်
ဖြေးညှင်းစွာတောင် မနင်းရက်ခဲ့ပါဘူး .. ။

မြတ်မြတ် နိုးနိုး ပျိုး
ရိုးရိုးသားသား ခိုးချစ်ခဲ့ရတာပါ .. ။

လေညှင်းလေး သယ်ဆောင်ရာ
နင်လွင့်ပါသွားခဲ့ရင်တောင်
မင်းရနံ့လေးတွေ
ငါ့မြေတလင်းမှာ
သင်းပျံ့နေဦးမှာပါ ………… ။

commentinfo By: အောင်ရဲသူ at Jul 5, 2011
Comment #6

အားပေးတာ ကျေးဇူးတင်ပါတယ် … ဆက်ရေးပါ့မယ် ….

commentinfo By: lwanhlainge at Jul 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment