Professional Authors

ကျွန်မနှင့် ကျွန်မ၏ချစ်သူ

 

ချစ်သူဘေးနားတွင်

နေခွင့်ခဏရလျှင်ဖြင့်

သေဆုံးခြင်းဖြင့်ထိုက်တန်၏

သူသည်ကောင်းကင်ဖြစ်၏

ကမ္ဘာမြေသည်လည်း သူ

ပင်လယ်ပြင် နဲ့ လေထုသည်လည်းသူ

သူသည်သီချင်းမဆိုပါ

သူ၏အသံသည်

ကျွန်မအတွက် ကျေးငှက်တေးသီသံ

ဂန္တဝင်သီချင်းတစ်ပုဒ်

လေညင်း သဲ့သဲ့တိုးသံတို့ထက် သာလွန်၏

သူသည် ကျွန်မ၏ သီချင်းဖြစ်သည်။

သူ၏  စကားလုံးတိုင်းသည်

မညင်သာပါ မနူးညံ့ပါ

သို့သော်

ကျွန်မ၏ ရှုံးနိမ့်ရာဖြစ်၏

သူ၏လက်တစ်ဖက်သည်

ခဏတာ တွဲဖူးရုံဖြင့်

တစ်သက်စာ မြဲစေ၏

သူ၏ ပုခုံးတစ်ဖက်သည်

ခဏတာ မှီရုံဖြင့်

တစ်ဘဝစာ ပြီးပြည့်စုံစေ၏

သူ၏ ရင်ဘတ်တစ်စုံသည်

ခဏတာ ဝင်ရုံဖြင့်

တစ်ဘဝစာ လုံစေ၏

သို့သော်

ကျွန်မသည်…..

သူ၏ နတ်ဆိုးတစ်ကောင်

မကောင်းမှုကိုသာ စေညွန်းသူ

အပြန်မရှိသောလမ်း

အနာဂတ်ကမ္ဘာကိုဝေဝါးစေသူ

အကျည်းတန်သော အိပ်မက်

အခါခါ လန့်နိုးစေသူ

ကာရံမပါသော ကဗျာ

မပြီးပြည့်စုံသောသူ သာလျှင်ဖြစ်၏။။။

 

ကြက်ခြေခတ် X

 

 

 

 

 

In: ကဗျာ Posted By: Date: Aug 4, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment