Professional Authors

ရှင်မာယာဧ။် ကျဆုံးခန်း

သွေးစွန်းနေတဲ့ နှလုံးသား
အဆိပ်သင့်ရင်ခုန်သံနဲ့
ချစ်မြဲချစ်နေရင်  အချစ်စစ်လို့
ယူဆတဲ့  မှော်ဝင်စိတ်ဓာတ်တွေ
မျှော်လင့်ခြင်းပြတိုက်မှာပေါ့
တစ်ဖက်စွန်းရောက်ဆန်ဆန်နဲ့ပဲ
ငါ…
ပြတိုက်မှူးလုပ်တော့မယ်…။

လက်နက်တန်ဆာတွေ  ခင်းကျင်း
မာယာပါးပါးလေးသုတ်ပြီး
စွန့်စားမယ်ကြံကာမှ
ဘယ်ကဘယ်လို
အဖြူရောက်စစ်စစ်နဲ့ ပြောက်ကျားတပ်တွေ
မာနခံတပ်ကို ချိုးဖျက်
နှလုံးသားပါတော်မူခန်းမှာ
ချစ်ခြင်းငနဲတို့  အောင်ပွဲခံပြီ…။

ငါ့ဥယျာဉ်တော်မှာ
အဆိပ်ပင်က လှည့်ဖြားသီးတွေ
တဖြုတ်ဖြုတ်ကြွေလို့
ဖြူစင်မှုနဲ့ ခရေပွင့်တွေ
ပွစာကြဲလို့  ဝေပြနေလိုက်တာများ
ငါ့နန်းတော်ကြီးမှာ
အလွမ်းတွေနဲ့  ခမ်းနား
ငါ့ရေတံခွန်မှာတောင်
ရိုးသားမှုတွေ စီးဆင်း
အပြစ်ကင်းကင်း  ရမ္မက်ရှင်းရှင်းနဲ့
ငါ…
သိုးဖြူတစ်ကောင်လို  နေတော့မယ်…။

                                             ဇင်သော့

Perfect အောင်မြင်ခြင်းမဂ္ဂဇင်း – စက်တင်ဘာလ ၊ ၂၀၀၉ ။

In: ကဗျာ Posted By: Date: Aug 2, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment