Professional Authors

ချစ်သူ့ဆည်းဆာ – နရီထက်

နေညိုချိန် သူမအလှ
မှိုင်းပြာပြာ ညိုတလဲ့လဲ့အောက်
နီတာတာ နေ၀န်းအနားသတ်နှင့်
နီမြန်းဝါတစ်လဲ့ စိုပြေကာလှနေ
ချစ်သူ သူမ. . .

တေးသီကြူးကြ ပန်းရနံ့လေးကြား
နေ၀န်းထွက်လာ ယှက်ဖြာသန်းကျော
သူမ လမ်းလျှောက်စဉ်
ဆံနွယ်ကလေး ပင့်သပ်ကာရယ်
ဝါစိုဖန်လဲ့ တစ်ပြည်စိုတယ်
နှုတ်ဆက်အပြုံးလေးတွေ
တစ်စတစ်စ တရိပ်ရိပ်နှင့်
လှနေတယ် သူမအလှ. . .
မြန်မာဆန်ဆန် လှနေသူရေ. . .

နရီထက်
( ၀၂ ၊ သြဂုတ်လ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Aug 2, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment