Professional Authors

အချစ်တဲ့

!!! သြော် အချစ်တဲ့လား…….
 ခံစားမှုရသစုံတယ်
 နှလုံးသားစေခိုင်းမှုအတိုင်းလှုပ်ရှားတယ်
 ဦးနှောက်ရဲ့အလိုကို ဆန့်ကျင်တယ်
 မိဘရဲ့စကားကို သွေဖယ်တယ်
သမားရိုးကျလမ်းကြောင်းကနေခွဲထွက်တယ်
 လူနှစ်ယောက်ရဲ့နှလုံးသားတွေပေါင်းမှ
 တူညီတဲ့အဖြေတစ်ခုထွက်တယ်
နာကြင်မှုတွေခံစားရလဲ အံတုပြီး ကျော်ဖြတ်တယ်
လွမ်းရပြန်တော့လည်း ကြေကွဲစွာ
 မျက်ရည်မိုးရွာလို့ ခံစားခဲ့တယ်
ကြည်နူးမှုတွေကြားမှာလဲ ပျော်ရွှင်စွာနဲ့ သာယာဖူးခဲ့တယ်
 မိုးသဲသဲကြားမှာလဲ နှစ်ယောက်လက်တွဲပီး လျှောက်ခဲ့ဘူးတယ်
 နေပူပူထဲမှာလဲ အမိုးအကာမပါပဲ ခြေလှမ်းတွေလှမ်းခဲ့ဘူးတယ်
ထပ်တူညီတဲ့နှလုံးသားတစ်စုံက ထွက်ရှိလာတဲ့ အဖြေရယ် ထာဝရမပြောင်းလဲပဲ သက်ဆုံးတိုင်ချစ်ခွင့်ရပါစေ !!!

In: ကဗျာ Posted By: Date: Apr 8, 2013
Comment #1

Wow
Envy u.

commentinfo By: ei lay at Apr 8, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment